ဝမ်ယွဲ့ပြောတာတော့ ချုံချင်းမှာ အသစ်တွေ့နေလို့ နေမှာပေါ့တဲ့ ဒါပေမဲ့ သူများတွေ ဘေးနားက သွေးထိုးပေးတိုင်းလည်း နားမယောင်ပဲ ရှောင်းကျန့်က ရိပေါ့်ကို ယုံကြည်ပြီးသားမို့လို့ ပေါက်ကရလေးဆယ် လာပြောတဲ့ ဝမ်ယွဲ့ကို နားရင်းနှစ်ချက်လောက် ဆင့်အုပ်ပစ်လိုက်တယ် တကယ်ပဲ ရှောင်းကျန့်မှာ အားကိုးရာ မရှိတော့ လူတွေက အနိုင်ကျင့်ချင်လာကြတယ်

ကုမ္ပဏီမှာလည်း ဘယ်သူဖွမှန်း မသိလိုက်ရပေမယ့် ရိပေါ့်ကို တရုံးလုံးက သူဌေးသားမှန်း သိသွားကြတယ် ပြောကြတာက သူဌေးမ ချန်းယူလီ လာပြီး ရှာသွားတယ်ဆိုလား ဘယ်အချိန် လာရှာသွားလဲ ဆိုတာတော့ ရှောင်းကျန့်မသိလိုက် ရိပေါ်နဲ့ အဆင်မပြေတဲ့ အမေဖြစ်သူက ဘာအကြောင်းကြောင့်နဲ့ လာရှာလဲ ဆိုတာတော့ သိချင်ပေမယ့် ရိပေါ့်ကို လွမ်းတဲ့စိတ်နဲ့ လူက အားလပ်မနေတော့ သေချာမတွေးချင်တော့ဘူး

နောက်ပြီး ကျူယဉ်ရဲ့ နှုတ်လုံမှုကြောင့် ရှောင်းကျန့်က ရိပေါ်ရဲ့ တစ်အိမ်တည်းနေတဲ့ သူငယ်ဂျင်းကြီး ဆိုတဲ့ သတင်းပါ တွဲလျက်အဖြစ်နဲ့ ထွက်လာတော့ ကုမ္ပဏီတစ်ခုလုံးမှာ ရှောင်းကျန့်ကို မသိတဲ့သူလည်းမရှိတော့

အဲ့တော့လည်း ရိပေါ်အရှိန်အဝါကြောင့် ကုမ္ပဏီမှာ ရှောင်းကျန့် တစ်ယောက် အခန့်သား နေရမယ်လို့များ သင်ထင်ပါသလား နိုးပါ!! လီကျူယဉ်က ဟိုးတလောက သူတစ်ယောက်တည်း ရှောင်းကျန့်အလုပ်တွေကို လုပ်ထားရလို့တဲ့ အခု ရိပေါ်မရှိတဲ့ အချိန်မှာ အလုပ်တွေ အကုန်လုံး ရှောင်းကျန့်ကို သိမ်းကျုံးခိုင်းတယ် ရှောင်းကျန့်က မလုပ်နိုင်ဘူး ဘာညာဆိုရင်လည်း ရိပေါ့်အားကိုးနဲ့ အာဏာပြတယ်ဖြစ်အုံးမယ်

တကယ်ပဲ ရှောင်းကျန့် အနားမှာ ရိပေါ် မရှိတော့ နှိပ်စက်ချင်သူတွေ တအားများတာပဲ ရိပေါ့်ကို ရှောင်းကျန့် သတိရလွန်းအားကြီးလို့ ခန္ဓာကိုယ်လည်း အတော်လေး ပိန်ကျသွားပြီ ဘာလေ့ကျင့်ခန်းမှ မလုပ်လို့ စူထွက်နေတဲ့ ရိပေါ့်အသည်းစွဲ ဗိုက်ခေါက်ပူပူလေးလည်း ပျောက်သွားပြီ

ဒီရက်ပိုင်းအတွင်း  အနိုင်ကျင့်တဲ့သူတွေ အကုန်လုံးကိုလည်း နာမည်ရယ်  အနိုင်ကျင့်တဲ့လုပ်ရပ်ရယ် အချိန်နာရီ အတိအကျပါ ရှောင်းကျန့် သေချာလေးမှတ်ထားတယ် ရိပေါ်ပြန်လာရင် တိုင်ပြောပြီး လက်တုန့်ပြန်မယ်လို့ ရည်စူးထားတယ် ပြန်လာပါတော့ ဝမ်ပါးပါး ရယ်။
……………………

Call me Daddy (completed)Where stories live. Discover now