"ရင်ခုန်ရင် အချစ်ပဲကွယ်" တဲ့လား

30 0 0
                                    

(Zawgyi Version)

..... ကျောင်းကြီး စတက်ရတဲ့ ပထမရက်မှာတင် ဒီလိုဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ မထင်မိတာပါလေ။ ငါ့နှယ် အတန်းထဲတောင် မရောက်ရသေး၊ ဆေးပေးခန်းနဲ့ မိတ်ဆက်ရပြီး ဒဏ်ရာတွေနဲ့ အိမ်ပြန်ရတော့မှာပါလား အေးဝေထွေးရယ် .....

...... အခု အခြေအနေကလေ စက်ဘီးလဲရာကနေ ကိုယ်နဲ့မသိတဲ့ကျောင်းသားတွေက ပွေ့ချီခေါ်သွားတာကို ခံရလို့ ရှက်တာကတမျိုး၊ နာလို့ ငိုချင်ရက်နဲ့ အောင့်ထားရတာက တမျိုး အဲဒီလိုမျိုးတွေထက် ဆိုးတဲ့ အခြေအနေပဲ ဖြစ်မယ် .....

..... ဖြစ်ပုံကိုမြင်ယောင်ကြည့်ပါလေ။ တစ်နှစ်လုံးမြင်ရမယ့် မျက်နှာပိုင်ရှင်နှစ်ယောက်က ကိုယ် ပက်လက်လန် အိပ်နေရတဲ့ ကုတင်ဘေး တဖက်စီမှာ လက်ပိုက်ပြီး ရပ်နေကြတာ ၊ တစ်ယောက်က ကိုယ့်ကို တချက် အဖက်မလုပ်တဲ့သူ၊ တစ်ယောက်က ကျောင်းသူတွေရဲ့ အသည်းနှလုံး မောင်ရွှေဘုန်း။ စကားပြောမှာဖြင့်လည်း ပြောကြတာ မဟုတ်ဘူး၊ ယောက်ျားလေးနှစ်ယောက်ရဲ့ မျက်စိရှေ့မှာ ပက်လက်လန်ပြီး အိပ်နေရတဲ့အဖြစ်ဟာ အသက် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်အတွက် အတော် ရှက်သည်းပိုရတယ်ဆိုတာ နင်တို့ မသိကြဘူးလားဟဲ့ ..... မျက်စိနှစ်လုံးကို တင်းတင်းကြပ်ကြပ်စေ့ထားပြီး အိပ်ယောင်ဆောင်နေပေမယ့် အေးဝေထွေးရဲ့ စိတ်ထဲကနေ ပြောနေတဲ့ စကားတွေက တစ်ခွန်းပြီး တစ်ခွန်းရယ်ပါ။

"အေးဝေ အိပ်ပျော်နေတာလား ၊ ငါတို့ နင့်ကို အိမ်လိုက်ပို့ပေးမယ်၊ ထတော့နော် " .... ဒီအသံက ဘုန်းနောင်ရဲ့ အသံပဲ။ အောင်ကရော ဘယ်ရောက်သွားပြီလဲ ... ကျန်တဲ့သူငယ်ချင်းတွေက စိတ်ပူနေသလောက် ငါ့ကိုဆို နင် ဂရုကို မစိုက်ဘူး အောင်ရယ် ... ဒဏ်ရာက နာတာရော ၊ ဝမ်းနည်းမိတာတွေရောကြောင့် မှိတ်ထားတဲ့ မျက်လုံးအစုံကနေ မျက်ရည်ပူပူနွေးနွေးတချို့ စီးကျလာတယ်ဆိုတာ အေးဝေ သိလိုက်ပါတယ်။

" နင် အရမ်းနာနေလို့လားဟင် " တိုးတိတ် တုန်ယင်လှတဲ့ အသံနဲ့မေးနေတဲ့ ဘုန်းနောင်ရဲ့ အမေးကြောင့် မျက်လုံးတွေကို အားယူပြီး ဖွင့်ဖို့ ကြိုးစားလိုက်ချိန်မှာပဲ အေးဝေရဲ့ မျက်နှာပေါ်ကို နွေးနွေးထွေးထွေး လက်တစ်စုံလာထိတာကို ခံစားလိုက်ရတယ်။ အဲဒီလက်တွေရဲ့ လက်ချောင်းလေးတွေက ပါးပေါ်မှာ စီးကျနေတဲ့ မျက်ရည်စတွေကို ကြင်နာယုယတဲ့စိတ်နဲ့ သုတ်ပေးနေတယ်ဆိုတာ ချက်ချင်းခံစားသိလိုက်ရချိန်မှာ ခုနက ဖွင့်ရခက်နေတဲ့ မျက်လုံးတွေက သူ့အလိုလို ပွင့်အံလာပါပြီ။

မချစ်ဘူးတဲ့လား၊ ( Don't you Love?)Where stories live. Discover now