သူငယ်ချင်း လို့ ပြောပေမယ့်လည်း

31 0 0
                                    

(Unicode Version)

ဘုန်းနောင်ကလည်း ရှေ့တစ်လှမ်းတိုးပြီး ဖြိုးကျော်ရဲ့ အကျီလည်ပင်းကော်လံနားကို လက်လှမ်းနေချိန်၊ ဘုန်းနောင်နဲ့ ဖြိုးကျော်ရဲ့အလယ်ကို ရုတ်တရက် ရောက်လာသူက "လင်းမောင်"

"ဟဲ့"

တချက်ထဲ အော်ရင်း ၊ တချက်ထဲ စောင့်တွန်းလိုက်ရင်းကို တပြိုင်နက်လုပ်လိုက်တာကလည်း "လင်းမောင်"ရုတ်တရက် တွန်းထုတ်ခံလိုက်ရလို့ ကြောင်သွားသူတွေက "ဖြိုးကျော်နဲ့ ဘုန်းနောင်"

"အမလေး နင်တို့က ရန်ဖြစ်ဖို့ အချိန်ရှိကြသေးတာလား။ ဟိုမှာ ကိုယ့်သူငယ်ချင်းမက ကျိုးသွားသလား၊ ပဲ့သွားသလားတောင် မသိရသေးဘူး။ ဒီနေ့မှ ကျောင်းစဖွင့်တာလေ။ တစ်ယောက်က ပိုက်ဆံတော့ရှိပါရဲ့ ဦးနှောက်က ပါမလာဘူး၊ တစ်ယောက်ကလည်း ရုပ်တော့ ချောပါရဲ့ ကိုယ့်ဟာကိုယ် ဘာဖြစ်ချင်မှန်းမသိဘူး။ နင်တို့ အဲလို ကြပ်ကြပ်လုပ်၊ ဟိုက လှည့်တောင်ကြည့်မှာ မဟုတ်ဘူး၊ ဆယ်တန်းကိုရော ဖြေဦးမှာလား နင်တို့ "

ဖြိုးကျော်နဲ့ ဘုန်းနောင်ရဲ့ အလယ်မှာ ခါးထောက်ရပ်ရင်းက လက်ညှိုးတချောင်းကို ရမ်းခါပြီး မေးစေ့ကို မော့ကာ၊ မော့ကာနဲ့ ပြောနေတဲ့ လင်းမောင်ကိုကြည့်မိချိန်မှာ သုံးယောက်သား တိုင်ပင်မထားဘဲ ရယ်မိကြပါတယ်။

သူ့စကားထဲမှာ ရယ်စရာ ဘာပါလို့လဲ ဆိုတဲ့ပုံနဲ့ တွေးနေဟန်တူတဲ့ လင်းမောင်တစ်ယောက် ခါးထောက်မပျက်ဘဲ ဖြိုးကျော်ကိုတလှည့် ဘုန်းနောင်ကို တလှည့်ကြည့်ပြီး ခေါင်းကို ဆတ်ခနဲခါကာ " နင်တို့ ဒီမှာ ဆက်ပြီး သတ်ရင်လည်း သတ်၊ ဖြတ်ရင်လည်း ဖြတ်ကျ ငါတော့ သွားပြီ ၊ ဟဲ့ အောင် .. လာ ငါတို့သွားကြမယ် အဲ့ကောင်တွေကိုထားခဲ့" ပြောတဲ့ စကားဆုံးတာနဲ့ အောင့်ရဲ့လက်ကို ဆွဲပြီး ဒေါကြီးမောကြီးဟန်နဲ့ လင်းမောင် ဆွဲခေါ်ရာနောက်ကို အောင် .. ပါသွားပါပြီ။

အောင်တို့ရဲ့ ရှေ့နားက လှမ်းမြင်နေရာတဲ့ ခရေဆောင်နဲ့ ကုက္ကိုဆောင်တို့က လေးခန်းတွဲ တစ်ထပ်ဆောင်တွေ။ အဲဒီအဆောင်တွေကို ကျော်ပြီးတာနဲ့ ကုက္ကိုပင်တန်းတွေနားက ကျောင်းဆေးပေးခန်းလေးကို ရောက်ပါပြီ။ ဆောင်းရာသီလည်း ကုန်ပြီဆိုပေမယ့် နွေလို ပူပြီလားဆိုလည်း မဟုတ်တဲ့ ဖေဖော်၀ါရီအကုန် မတ်လဆန်းမျိုးဆို ဒီနေရာကို ကျောင်း၀န်းအပြင်ကနေ မြင်ရရုံနဲ့ ဘာကိုမှန်းဆပြီး လွမ်းရမှန်းမသိ လွမ်းနေရတာမျိုးကို ဖြစ်စေတဲ့ နေရာလေးပေါ့။ လွန်ခဲ့တဲ့လတွေက ကုက္ကိုရွက်ခြောက် အ၀ါရောင်လေးတွေနဲ့ လွမ်းစိတ်တွေ၀ေစေတဲ့နေရာက ခုချိန်မှတေ့ာ စိမ်း၀ါ၀ါဖန့် အရွက်လေးတွေနဲ့ အောင်ရဲ့စိတ်ကို တက်ကြွပျော်ရွှင်စေသလိုလိုပင်။

မချစ်ဘူးတဲ့လား၊ ( Don't you Love?)Where stories live. Discover now