မသိခြင်းများ

67 1 0
                                    

(Unicode Version)

အနည်းငယ် ပူသယောင်ဖြစ်နေတဲ့ ဗိုက်ကို ရှေ့ထုတ်ရင်း လက်နှစ်ဖက်ကို ကားကာ ရမ်းကာနဲ့ ပြေး၀င်လာတဲ့ လင်းမောင်တစ်ယောက် နောက်ဆုံးတန်းက ခုံမှာ ထိုင်နတဲ့ အေး၀ေကိုတွေ့တော့ ၀မ်းသာအားရဖြစ်သွားပါတယ်။

"-ဟာ အေး၀ေမ သူငယ်ချင်း ငါ့ရဲ့ မင်းသမီးလေး ငါတို့အတူတူတက်ရမှာပေါ့ အမလေး ပျော်လိုက်တာဟယ်"

အေး၀ေတစ်ယောက် လင်းမောင်ကို စကားမပြန်နိုင်ခင်မှာဘဲ ပထမအသံရှင်က အခန်းထဲ ၀င်လာပါတယ်။"ဟ လူစုံပါပဲလား၊ ဟေ့ကောင် ဖြိုးကျော် မင်းရုပ်က ဘာဖြစ်နေတာလဲ၊ အောင် မင်းလည်း တွေ့တာနဲ့ စာအုပ်ထဲ ခေါင်းမြုပ်နေတာပဲ" တလစပ် ဆိုသလို ပြောရင်း ၀င်လာသူက အရပ်ရှည်ရှည် အသားဖြူဖြူ လူက ပိုးဟပ်ဖြူရုပ်နဲ့ ဘုန်းနောင် ဆိုတဲ့ အကောင်။ ကျောင်းမှာတော့ နာမည်ကြီးပေါ့ ၊ ဖြူစုတ်စုတ်ရုပ်ကိုများ ဘာလို့ မိန်းကလေးတွေက သဘောကျ တန်းတန်းစွဲ ဖြစ်နေရပါလိမ့်။ သူမိုလို့ ကျောင်းလာတာနဲ့ နှုတ်ဆက်စကားလာပြောရသူနဲ့၊ သူ့ခုံပေါ်မှာ အသည်းပုံ သကြားလုံးတွေ၊ ပို့စကဒ်တွေ၊ ကာတွန်းစာအုပ်တွေ နဲ့ လက်ဆောင်တွေပုံနေတာမျိုး။ အဲလို ကျောင်းသူတွေကြား ပေါ်ပြုလာဖြစ်တဲ့ကျောင်းသားပေါ့။ကျောင်းကြီးမှာရော၊ ဒီမှာရော ဒင်းတို့နဲ့ကို ပြေးမလွတ်ပါလားနော် လို့ တွေးမိရင်း နှုတ်ဆက်လာသူ လင်းမောင်တစ်ယောက်ကို မချိပြုံးသာ ပြန်ပြုံးပြရင်း မြတ်လေးတို့ အလာကို စောင့်နေမိတယ်။

ယောကျာ်းလေးများက လူစုမိပြီဆိုရင် ကိုယ်သန်ရာ အကြောင်းကို ရေပက်မ၀င်အောင် ပြောတတ်ကြတာ ဒီနေရာမှာတော့ မိန်းကလေးတွေလိုပါပဲလား။ အခုလည်း ကြည့်လေ .. ဖြိုးကျော်က ညနေဖက်တွေမှာ သူတို့ ဘောလုံးကန်ပြီးတိုင်း စားနေကြ ဦးတုတ်ကြီး တုတ်ထိုးဟာ အခုဆို စျေးနည်းနည်းတက်လာတဲ့ အကြောင်း၊ အရင်လို ၂၀၀ ဖိုးနဲ့ မ၀တော့တဲ့အကြောင်း၊ ဘုန်းနောင်ကတော့ သူ့အမေက သူ့ကို အိမ်မှာလည်း guide ထပ်ခေါ်ထားဦးမှာမို့ ဒီတစ်နှစ်တော့ သူ အကြီးအကျယ် ခြေချုပ်မိပြီဆိုတဲ့အကြောင်း ၊ လင်းမောင်ကလည်း အိမ်က အကိုတွေဟာ သိပ်စိတ်ညစ်ဖို့ကောင်းကြောင်း၊ သူစာဖတ်မယ်ဆို တခုပြီးတခု အလုပ်တွေ လာခိုင်းလို ့စိတ်ညစ်ရကြောင်းများကို တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာ ဆက်စပ်မှုမရှိဘဲ ပြောနေနိုင်ကြသော သူငယ်ချင်းယောကျာ်းလေးများပါတကား။

မချစ်ဘူးတဲ့လား၊ ( Don't you Love?)Where stories live. Discover now