အပိုင်း - ၄၄.၁ (Zawgyi + Unicode)

Start from the beginning
                                    

ဇာတ်လိုက်ကလည်း တိမ်လွှာပျံဝဲဂိုဏ်းကို ပြန်သွားလောက်ပြီဖြစ်လို့ သူအချိန်ခဏတော့ လုံခြုံလိမ့်မယ်။ ပြီးတော့ သူ့လက်ထဲမှာရှိတဲ့ ကောင်းကင်နေမင်းဆေးလုံးနဲ့ဆို သူ့ရဲ့ကျင့်ကြံခြင်းက မြန်မြန်တိုးတက်လာမှာ။

ပိုင်ရန်လုပ်နိုင်တာဆိုလို့ စောင့်နေရုံသာဖြစ်တယ်။ အားလပ်ချိန်ရဖို့ဆိုတာ ရှားပါးတာကြောင့် သေချာပေါက်သူပျော်ပျော်နေဖို့လိုတယ်။ ရှေးဟောင်းဓလေ့တွေနဲ့ ပတ်ဝန်းကျင်ကို သူတစ်ခါမှမကြုံဖူးတာကြောင့် သူ့ရဲ့ခဏတာလွပ်လပ်ချိန်လေးမှာ သူကမြင်းကြောထချင်သေးတယ်။

ရက်သတ္တပတ်ပေါင်းများစွာ ကုန်ဆုံးသွားတယ်။ တစ်ရက်မှာ ငြိမ်းချမ်းတဲ့မြို့လေးမှာ ကောလဟာလတစ်ခုထွက်ပေါ်လာတယ်။

“ကံကြမ္မာသားတော်မှာ ခုနစ်စင်ကြယ်အမှတ်အသားပါပြီး ယောကျာ်းရော မိန်းမရောဖြစ်နိုင်တယ်”

အစတုန်းကမြင့်မြတ်သောစွယ်စုံတတ်ကျွမ်းသူဂိုဏ်းကို ကောင်းကင်ဘုံကနေဆက်သွယ်လာတယ်။ မြင့်မြတ်သူတွေဖော်ပြတာတော့ ခုနစ်စင်ကြယ်သားတော်က လူသားနယ်မြေမှာမွေးဖွားလာမယ်။ သူတို့မှာခုနစ်စင်ကြယ်အမှတ်အသားပါပြီး ကျင့်ကြံခြင်းလောကပျက်စီးမှာကို ကယ်ပေးနိုင်မယ်။ သူတို့က နတ်ဆိုးမြေကိုဖျက်ဆီးကာ လောကနှစ်ခုပေါင်းစပ်ပြီး နောက်ဆုံးမှာ မသေမျိုးအဆင့်ကိုတက်သွားမယ်တဲ့။

မူရင်းဟောစာတမ်းမှာ ခုနစ်စင်ကြယ်သားတော်မှာ ခုနစ်စင်ကြယ်အမှတ်ပါတာကလွဲရင် တခြားဘာသတင်းမှမရှိဘူး။ ယောကျာ်း မိန်းမ၊ အသက် ဒါမှမဟုတ် နေထိုင်တဲ့နေရာတွေ ဘာမှမသိရဘူး။

ဟောတမ်းကိုထုတ်ပြန်လိုက်ချိန်မှာ လူသားနယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားတယ်။ လူတိုင်းက ဘယ်သူကများခုနစ်စင်ကြယ်သားတော်ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းနေကြတယ်။ ခုနစ်စင်ကြယ်သားတော်က နတ်ဆိုးမြေကိုဖျက်ဆီးမယ်လို့ ထုတ်ပြန်ထားတာကြောင့် သူတို့ကအင်မတန်အင်အားကြီးပြီး အဆင့်မြင့်ကျင့်ကြံသူဖြစ်နိုင်တယ်။ အဲ့လိုနဲ့ လူတိုင်းရဲ့အာရုံက အရည်အချင်းမြင့်တဲ့သူတွေဆီလှည့်သွားတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now