ထို"အဲတာကြောင့်"ဆိုတဲ့စကားလုံးရဲ့နောက်မှာ မုန့်တွေလာပေးတာဆိုတဲ့အသံတိမ်တိမ်လေးကို ရင်းယာန်ကြားလိုက်ရတော့
ပိုလို့တောင် အူထဲအသဲထဲထိရယ်ချင်စိတ်က လိုက်တတ်လာသေးသည်။
သို့သော်လည်း ပြုံးစိပြုံးစိအခြေနေနှင့်ပင်ထိန်းထားရင်း...

"နောက်ပိုင်းငါတို့ရင်းနှီးခဲ့တယ်နော်"

ထိုအခါဖျတ်အခနဲ့ကြည့်လာတဲ့မျက်ဝန်းတွေနဲ့ မကျေမချမ်းစကားသံတို့ထွက်လာခဲ့သည်ပင်။

"ဂတိလည်းထားခဲ့တယ် ဘယ်သူ့မှမပြောကြေးဆိုပြီး
နောက်နေ့ရှာလို့မတွေ့တော့ဘူး"

"ဟုတ်တယ် ငါကောင်းကင်မြို့တော့ကိုပြန်သွားရတာလေ
စိတ်ရူပ်စရာကောင်းတဲ့ကိစ္စတွေက လူသားသူငယ်ချင်းလေးလောက်အပျင်းမပြေစေတော့ငါပြန်လာကြည့်တာ..
မထင်မှတ်ပဲနှစ်တွေကြာသွားလိုက်တာ မင်းတောင်အရပ်တွေရှည်လာပြီလေ
ငါမင်းကိုပြန်တွေ့တာက မီးနိုင်ငံတော်ကလူတွေနဲ့ သစ်ပင်နားမှာစကားပြောနေတုန်းလေ
နောက်မှဖုန်းရွှမ်ပါတာရောသိလိုက်တာ ငါအရမ်းသိချင်သွားတာက မင်းကဘယ်လိုလုပ်ပြီး ချင်းဖုန်းရွှမ်နဲ့ပင်သက်တယ်ဆိုတာပဲ မင်းကိုမီးနိုင်ငံတော်ထဲခေါ်သွားတော့ ငါ့ရဲ့စပ်စုချင်စိတ်တွေကထိန်းမရတော့ဘူးလေ
အဲတာကြောင့်မီးနိုင်ငံတော်ထဲဝင်လာခဲ့တာ"

တိတ်ဆိတ်နေတဲ့ထိုလူသားက နားလည်ပေမယ့်လည်း
ပြောစရာစကားပျောက်နေသည့်ပုံပင်။

"အစကငါက ငါ့ရဲ့လူသားသူငယ်ချင်းလေးကိုလာကြည့်ရုံပါပဲ
ဒီအထိရောက်လာဖို့တော့မရည်ရွယ်ခဲ့ပါဘူး"

ရင်းယာန်သာစကားတွေပြောနေခဲ့ပေမယ့် ထိုလူသားကတော့တိတ်ဆိတ်နေခဲ့သည်။

"ပြန်တော့လေ...
ချင်းဖုန်းရွှမ်စီသွားမှာမလား
မြန်မြန်သွား...
ချစ်ရသူနဲ့အတူနေရတဲ့အချိန်ဆိုတာ အရာရာထက်တန်ဖိုးရှိတယ် မြန်မြန်"

အဆောင်ပြင်ဘက်ထိရောက်အောင် တွန်းပို့လိုက်တော့ စကားသံတချို့ထွက်ပေါ်လာသည်။

"ဘာပဲဖြစ်ဖြစ်....."

ထပ်ပြီးပြောလာမဲ့စကားလုံးရှိနေသေးမည်အထင်နှင့်ဲ့ရင်းယာန်အာရုံစိုက်နားထောင်နေပေမယ့်လည်း...

The frozen heart of the fire king (Completed) Kde žijí příběhy. Začni objevovat