Ep-28

962 94 0
                                    


♥Unicode♥

စိုးရိမ်စိတ်နဲ့ အလောတကြီးပြန်လာပြီး​ အိမ်ရှေ့ကားထိုးရပ်ကာ အိမ်ထဲအပြေးဝင်ခဲ့သည်။ ကားသော့ဖြုတ်ဖို့ပင်မေ့လျော့လို့.....။

ခါတိုင်းဆို jiji​ ကအိမ်ရှေ့မှာထွက်စောင့်နေကြ.... ခုတော့တစ်အိမ်လုံးမောင်မဲလို့.... အမှောင်ကြောက်တတ်တဲ့သူက မီးတွေပိတ်ထားတယ်ဆိုတာမဖြစ်နိုင်။ တစ်ခုခုဖြစ်နေတာတော့သေချာနေပါပြီ.... ။ရင်ထဲထိတ်ခနဲဖြစ်ကာ အိပ်ခန်းထဲပြေးဝင်လှတော့...

"အမေ့... လန့်တာ"

ရင်ဘတ်ဖိလိုက်ပြီး မှန်တင်ခုံရှေ့ဖယောင်းတိုင်ထွန်းပြီးထိုင်နေတဲ့​ Jiji ဆီမရဲတရဲလျှောက်လာရင်း

"Jiji...."

မထူးသည့်အပြင် လှည့်ပင်မကြည့်....

ဘာလား.... မီးပျက်နေတာများလား.... အကြောက်လွန်နေတယ်ထင်ပါ့....

နောက်ကနေပုခုံးလေး သွားကိုင်လိုက်တော့ ပြန်လှည့်ကြည့်ပြီး ဖက်ထားကာ ခိုစီးထားလေရဲ့....

"အာ... Jiji.... ဘာလို့​ အင်္ကျီ​မဝတ်ထားတာလဲ အမြန်ဝတ်"

ခုမှသေချာကြည့်မိတယ်.... Bikini ပဲဝတ်ထားပြီး ဘာအဝတ်မှမပါ.... အစောက ဆံပင်တွေကြောင့်သေချာသတိမထားမိ... Bikini ကလဲ​ ကြိုးတွေကိုတည်းတည်းချည်ထားပြီး ထိမိတာနဲ့ပြေကျမည့်ဟန်....

ဘုရားရေ.... ဒီကလေးမ ဆေးစားမှားနေရော့လား.... ညကြီးအချိန်မတော် bikini ဝတ်စုံကြီးဝတ်လို့.... မဟုတ်မှ ကမ်းခြေထပ်သွားချင်လို့များလား....

"ဘာလို့လဲ... Oppa မကြိုက်ဘူးလား"​

"ဟင်.... ကြိုက်.... အယ်.... ကလေးရာ... ဒီလောက်အေးနေတာကို အဝတ်ထူထူမြန်မြန်ဝတ်.... လာ... Oppa... ဝတ်ပေးမယ်"​

"ဟင့်​အင်း... မဝတ်ချင်ပါဘူး... ဒီလိုဝတ်ရတာ သက်သောင့်သက်သာရှိတယ်...."​

အဟင်း.... သူကသက်သောင့်သက်သာရှိနေ....

လူကိုတွန်းပြီး​ ခုတင်ပေါ်ထိုင်ခိုင်းတာကြောင့် ထိုင်လိုက်ရသည်။ မထင်မှတ်ဘဲ လူပေါ်ခွထိုင်လိုက်တာကြောင့် ကြက်သည်းဖျင်းခနဲထကာ စိတ်ကနတ်ပြည်တက်သွားသည်။

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now