လူကြီးတွေကလဲဘာမှမပြောတော့ဘဲ အစားသာဆက်စားနေလိုက်တယ်။ ဒါအကောင်းဆုံးပဲလေ...။ ပြောနေလဲအဖတ်လုပ်မှာမှမဟုတ်တာ...။
"Omma တို့မနက်ဖြန်ပြန်မှာလား"
"အင်း... သားကြီးတို့လဲ Omma တို့နဲ့အတူပြန်လိုက်မှာမဟုတ်ဘူးလား"
"အာ.... ဟုတ်တယ်.... သဘက်ခါ ဂျူတီပြန်ဝင်ရမယ်"
"အင်းအင်း... သားလည်းဝအောင်စားလေ Jiji သမီးလေးအားရှိအောင်များများစားနော်"
ပြောပြီး ပန်းကန်ထဲ ပုဇွန်ထည့်ပေးလိုက်တာကြောင့်
" Omma... Jiji ကပင်လယ်စာတွေအများကြီးစားလို့မရဘူး.... ကလေး.... ရော့ အသားပဲစားနော် ကြက်ဥလဲစား အသီးအရွက်ကောမျှအောင်စားရတယ်"
"အမလေး ကျွန်မမှားပါတယ်တော် တကယ်တမ်းမိန်းမကိုဂရုစိုက်ပြနေလိုက်တာ"
"သမီးလေးက အစတည်းကဆိုးချင်ပါတယ်ဆို မင်းအလိုလိုက်တာနဲ့ပိုဆိုးတော့မှာပဲ"
နှုတ်ခမ်းကြီးတစ်တောင်လောက်စူလာတဲ့ JIJI ကိုကြည့်ပြီး JIJI'APPA ပြောတာကိုဝင်ထောက်လိုက်သည်
"ဆိုးကိုဆိုးနေတာပါအန်ကယ်ရာ... ထိန်းမရတော့ဘူး ထိန်းပေးမလားလို့ ယုံယုံကြည်ကြည်နဲ့အပ်နှံထားတဲ့ လူကလဲ သူပါရောပြီးကြိုးလွတ်နေတော့ ပြီးပြီပေါ့"
"KOOK.... နင့်ကိုငါသတ်မယ် Oppa ကိုဘာမှပြောစရာမလိုဘူး"
နှစ်ယောက်သားကလေးတွေလို ထမင်းဝိုင်းကထပြေးသူကပြေး လိုက်ရိုက်သူကရိုက်နဲ့ ပွက်လောရိုက်သွားသည်။ ဆိုင်ပိုင်ရီင်ကစိတ်မရှည်ဘဲ ဆိုင်ပြင်ဆွဲထုတ်မှ.... ။ အားလုံးရယ်ရယ်မောမောစကားပြောနေကြရင်း....
"အ့...."
ဗိုက်ကလေးနှိပ်ပြီး လဲကျသွားတဲ့ Jiji ကြောင့်အားလုံးပျာယာခတ်ကုန်သည်။ Kook ကလဲခြေမကိုင်မိလက်မကိုင်မိ သူ့ကြောင့်ဖြစ်သွားတာလားဆိုတဲ့အတွေးနဲ့ ချွေးပျံလာသည်။
"Jiji.... ကလေးအဆင်ပြေရဲ့လား"
အပြေးတစ်ပိုင်းပွေ့ထူပြီး မေးနေတဲ့ Yoon Gi ကိုကြည့်ပြီး အားလုံးက ပိုလိုက်တာဆိုသည့်အကြည့်ဖြင့် ကိုယ့်နေရာကိုယ်ပြန်ထိုင်နေကြသည်
Ep-27
Start from the beginning