《 0 》

22.9K 878 34
                                    

ဟယ်လို ငြိမ်ငြိမ်မနေနိုင်တဲ့ ခင်ဗျားငယ်တို့ရဲ့ မင်ထယ်ယောင်းပါ။  အဓိက အကြောင်းအရင်းလေးကတော့ FAL လေးကို ပြန်ပြင်ချင်လို့ပါ။ ပြန်ပြင်ရင် လတွေချီပြီးစောင့်ရမှာဆိုပြီးတော့ မေတ္တာတွေမပို့ကြပါနဲ့အုံး။

ဒီတစ်ခါတော့ စာသားတွေပဲ ပြင်မှာမဟုတ်ပဲနဲ့ ဇာတ်အိမ်ကိုပါ ကျွန်တော် ပြင်သွားမှာပါ။ ဒါပေမယ့် မူရင်း FAL ရဲ့ အငွေ့အသက်လေးတွေ ကျန်နေအုံးမှာမို့ စိတ်မဆိုးကြပါနဲ့အုံးနော်။ နောက်ပြီးတော့ အရန်အတွဲလေးတွေကိုလဲ ဇာတ်ကွက်လေးတွေ တော်တော်များများနဲ့ ထည့်ရေးပေးချင်လို့ပါ။

အတွဲလေးတွေပြောင်းသွားရင် သိအောင်လို့ အပေါ်မှာ || FAL || ဒါမှမဟုတ်
|| TAEGI || ဆိုပြီးတော့ ရေးပေးထားပါ့မယ်ဗျာ။ အရေးအသားလေးတွေကိုလဲ ပိုကောင်းအောင် ကြိုးစားပါ့မယ်ဗျ။

ဇာတ်အိမ်ပြောင်းသွားပေမယ့် ကောင်လေးတွေရဲ့ အချစ်တွေက ပြောင်းလဲသွားမှာ မဟုတ်တာကြောင့် မင်ထယ်ယောင်းကို ယုံပေးကြပါဗျာ။ အက်ပဒိတ်ကတော့ TKOM လေးကို အရင်တင်ပြီးမှ FAL လေး တင်ပေးမှာမို့ စောင့်ပေးကြပါအုံးဗျာ။

စာလုံးပေါင်းတွေက ပြန်မစစ်တတ်တဲ့လူမို့လို့ စာလုံးပေါင်းလေးတွေ မှားနေရင်လဲ ခင်ဗျားငယ်တို့က သည်းခံပေးပါအုံးဗျ။ အတတ်နိုင်ဆုံးတော့ မမှားအောင် ရေးပေးပါ့မယ်ဗျာ။

ဒါကနောက်ဆုံး ပြန်ပြင်ခြင်းမို့ ခင်ဗျားငယ်တို့က စိတ်မပူကြနဲ့တော့နော်။ နောက်တစ်ခါကျရင် မင်ထယ်ယောင်းတို့ တကယ်ငြိမ်ပါပြီဗျာ။
ဇာတ်အိမ်အသစ်လေးနဲ့ ပြန်လာမယ့် မင်ထယ်ယောင်းရဲ့ လနဲ့ချီမယ့် အက်ပဒိတ်လေးကိုလဲ သည်းခံပြီး စောင့်ပေးကြပါအုံးဗျာ။

#Min_TaeHyung93
# May - 14 - 2023

//Zawgyi//







#Min_TaeHyung93
# May - 14 - 2023

FOUND A LOVE ♡ ||ᴋᴏᴏᴋᴍɪɴ||Waar verhalen tot leven komen. Ontdek het nu