"​oppa က​ကော်ဖီသောက်မယ်ဆိုလဲ သောက်မယ်ပြောပါ့လား Jiji​ မှာတော့​အရူးလိုပဲ oppa​ ပျော်လို့လိုက်ရှာလို့​ Jiji​ သာဖုန်းမဆက်ရင် သိမှာမဟုတ်ဘူး oppa ပြန်ပြီထင်နေမှာ"​

နှုတ်ခမ်းတစ်တောင်လောက်ဆူကာ မရပ်မနား ပေါက်ပေါက်ဖောက်နေတဲ့ ပေါက်စနမကိုကြည့်ကာ တစ်ချက်မျှရယ်လိုက်ပြီး

"​Oppa တောင်းပန်တယ် ဟုတ်ပြီလား စိတ်မဆိုးနဲ့တော့​ လှတာလဦမဟုတ်ဘဲနဲ့ နှုတ်ခမ်းကြီးဆူနေ"

"​oppa နော်... "

"​Hello.... အချစ်ငှက်ကလေးတွေ"

နောက်မှအသံလာရာသို့လှည့်ကြည့်လိုက်ပြီး

"အယ်... Hosoke​ oppa​...."​

"မင်းက​ဘာလာလုပ်တာလဲ"​

"ဘာလဲ​အနှောက်ယှက်ဖြစ်သွားလိုလား.... ဟားဟား.... ဒီမှာတွေ့မှတော့ shopping ထွက်တာပေါ့ကွ "

"​oppa... ဘာတွေလာဝယ်တာလဲ"

Min Yoon Gi ကိုရှိတယ်လို့တောင်မထင် လျစ်လျူရှု​ကာ​ နှစ်ယောက်တည်းရှိတဲ့အတိုင်း​ တဟီးဟီးတဟားဟားနဲ့ စကားတွေပြောနေလိုက်ကြတာများ​ ဒီကောင်ကနှာမကောက်ဘဲနေမလား

Hosoke ပုခုံးကို အထုပ်တွေနဲ့တမင်တိုက်ပစ်ခဲ့ကာ ကားထဲဝင်ထိုင်နေလိုက်သည် နောက်မှ​ Jiji​ ကအပြေးလိုက်လာကာ ကားတံခါးဆွဲဖွင့်ရင်း

"Oppa... ဘာလို့ချက်ချင်းကြီးထွက်သွားတာလဲ"​

Jiji မေးတာကိုမဖြေ ဖုန်းထဲ message တစ်စောင်ဝင်လာကာ ဖွင့်ဖတ်ကြည့်တော့

"မအေဘေး တွန့်တိုနေ တွေ့မယ်မင်းနဲ့🥴"​

ဖုန်းပြန်ပိတ်ကာ ကားကိုအရှိန်တင်ပြီးမောင်းလာခဲ့သည် Jiji ဘက်ကလဲ တိတ်ဆိတ်လို့ အိမ်ရောက်တဲ့အထိစကားမပြော

မင်္ဂလာပွဲမရောက်ခင် တစ်ပတ်လောက်အလိုကတည်းက ဂျယ်ဂျူကိုထွက်လာရသည် Jiji က​ပွဲစီစဥ်သူကိုး....

Jiji​ ကရောက်ကတည်းက​အလုပ်ရှုပ်နေပေမယ့် ကျွန်တော်​ကတော့​ အားယားနေကာ​ တစ်နေကုန်ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့် ရေလေးကလဲ ကူးလိုက်သေး အဆင်တွေပြေနေရော

ဆိုးလ်မှာဆို ဆေးရုံနဲအိမ်နဲ့ အိမ်နဲ့ဆေးရုံနဲ့ပဲသံသရာလည်နေပြီး ပင်ပန်းလှသည် ရောက်တုန်းရောက်ခိုက်​ အပြည့်အဝအနားယူရမည်

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now