"ခဏလေးပဲကို ဝတ်မနေတော့ဘူး"
"အိုခေဗျာ"
သူပါကားထဲဝင်ထိုင်လိုက်ပြီး ထွက်လာခဲ့သည် ကားမှန်လေးအနည်းငယ်ချကာ လက်ဖဝါးလေးဖြန့်ပြီး အပြင်ကိုထုတ်လိုက်တော့
"Jiji အအေးမိပြီးဖျားမယ် မှန်ပြန်တင်လိုက်"
သူ့ဘက်ဘုကြည့်ပြန်ကြည့်ကာ ကားမှန်လေးပြန်တင်ပြီး မျက်လုံးလေးမှိတ်ကာငြိမ်နေလိုက်သည်
"ဂြိုလ်ကြည့်နဲ့"
"ဘာပြောလိုက်တာလဲ"
"အိပ်မှာဆိုအိပ်နေလို့"
"အဟင်း... ကြားတယ်နော်"
"ဒါဆိုဘာလိုမေးနေသေးလဲ"
Oppa ဘာဖြစ်နေမှန်းမသိ ခုတလောစကားပြောရတာ ကန့်လန့်ကြည့်တိုက်နေ
ဆက်ပြောနေရင်လဲ ရန်ဖြစ်ရုံကလွဲမရှိတော့သည့်အတွက် ပြန်ငြိမ်နေလိုက်သည်
ဟိုနားဒီနားဆိုပြီးထွက်လာတာ shopping mall ထိရောက်ချလာရော
ပြောတော့ ဝယ်ချင်တာလေးနည်းနည်းရှိလို့တော့
ညာတာပါတေးနဲ့ လူကိုအထုတ်ဆွဲခိုင်းဖို့ခေါ်လာတာ လူလည်မလေးပြောတော့ နောက်နေ့ဆို Tae တို့မင်္ဂလာပွဲအတွက် ဂျယ်ဂျူသွားရမှာမလား နောက်ထပ်ဝယ်ရမှာချင်းအတူတူ တစ်ခါတည်းဝယ်သွားတော့ပိုမကောင်းဘူးလားနဲ့ ရီဆင်တွေပေးပြီးဆရာကြီးပြန်လုပ်နေသေးသည်
ဟိုပတ်ဒီပတ် ဟိုကြည့်ဒီကြည့် ဟိုဝင်ဒီထွက်နဲ့ ခြေပင်တိုလာသလိုလို.... မောလို့မနေနိုင်တဲ့အဆုံး ကော်ဖီဆိုင်ထဲ ဝင်ထိုင်နေလိုက်သည်
ပေါက်စကတော့မသိ သူ့ဇောနဲ့သူ ဆယ်မိနစ်လောက်နေမှ ဖုန်းခေါ်ပြီး
"oppa.... ဘယ်ပျောက်သွားတာလဲ"
"ခြေထောက်မညောင်းသေးဘူးလား.... လာ... ပြန်လှည့်ခဲ့ ကိုယ်ကော်ဖီဆိုင်ထဲမှာ... ခဏနားပြီးမှ ဝယ်ချင်တာဆက်ဝယ်"
စကားဆုံးအောင်နားမထောင်ဘဲ ကော့ပက် ကော့ပက်နဲ့ ပြန်လှည့်လာပြီး ကော်ဖီဆိုင်ထဲဝင်လာသည် ခဏမျှ ဟိုကြည့်သည်ကြည့်ကြည့်ပြီး ကျွန်တော့်ကိုမြင်မှ ဘောက်ဆတ်ဆတ်နဲ့ စားပွဲပေါ် လက်ကိုင်အိတ်ကိုပစ်တင်ပြီး
Ep-21
Start from the beginning