ဝမ်းသာလုံးဆို့နေတဲ့ အသံနဲ့ Tae က Kook​ မျက်စောင်းကိုလျစ်လျူရှုပြီး Myung​Soo​ နဲ့အဖွဲ့ကျနေသည်

"ငါပြန်တော့မယ်"​

ပြန်မယ်ပြောပြီး Kook ထသွားတော့မှ Tae က

"​နောက်မှတွေ့မယ်နော် ဘိုင်... Jiji​ ကိုအိမ်ပြန်ပို့ပေးဦးနော်.... အကူညီတောင်းပါတယ်"

"​ရပါတယ်"

စားလက်စဆက်စားပြီး စကားတွေဖောင်ဖွဲ့ကာ ရယ်ရယ်မောမောပြောနေခဲ့သည်... ဖော်ရွေလွန်းပြီး​အပြောကောင်းတဲ့ Myung​ Soo ကြောင့်​ စကားပြောရတာ ပွင့်လင်းပြီး လွတ်လွတ်လပ်လပ်ပြောနိုင်သည် ရှက်တာ ရှိန်တာတွေမရှိ အိမ်ရှေ့ထိ လိုက်ပို့ပေးကာ နှုတ်ဆက်ပြီးပြန်သွားသည်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မနက်စောစောစီးစီး ဝင်လာတဲ့ဖုန်ကြောင့် ညည်းညူပြီး ဖုန်းလိုက်စမ်းကာ ကိုင်လိုက်တော့

"Jiji အိပ်တုန်းလား"​

"အင်း... ဘယ်ချိန်ရှိနေလို့လဲ"​

"ရှစ်နာရီ.... ဟာ.... အဲ့တာအသာထား ပြဿနာတက်ပြီ"​

"ဘာလို့လဲ"

"သတင်းတွေ ဲ​မှာလဲ​ပွထနေပြီနော် ခေါင်းစီးပိုင်းတင်မဟုတ်တော့ဘူး"​

"အေး.... ဘာဖြစ်တာလဲ အရင်ပြောဦး"​

"ဖုန်းဖွင့်ကြည့်ရင်သိလိမ့်မယ်...ခုနင့်ဆီငါလာမယ်"

ပြောချင်တာပြောပြီး ဖုန်းချသွားသဖြင့် သူပြောသလို ဖွင့်ကြည့်မိတော့

"​ဒါ.... ဒါက.... မဟုတ်သေးဘူးလေ"

Kim Myung Soo ရဲ့အချစ်ရေး

Kim Myung Soo ခုတစ်လောခြေငြိမ်နေတာ ဒီမိန်းကလေးကြောင့်များလား​

KM လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ Park Jimin မှ​ဝန်ကြီးချုပ်သားနှင့်ဖောက်ပြန်

"ဘာ....ဘာတွေလဲ"

ဖုန်းကြီးကိုင်ပြီးတုန်လှုပ်နေတုန်း လက်ထဲကဖုန်းဆွဲလုခံရတာကြောင့်မော့ကြည့်မိတော့

"Op... Oppa...."​

"တော်တော့.... ဘာမှမတွေးနဲ့ ဟုတ်ပြီလား​ ထ​ ရေချိုးတော့ မနက်စာအေးကုန်လိမ့်မယ်"​

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now