"​အိုခေ.... see ya"

ရေချိုးပြီး အပြင်ထွက်လာတော့ ဖုန်းပြောသံကြားတော့ ခိုးနားထောင်မိသည် သူမဖုန်းပြောပြီးမှ အောက်ထပ်ဆင်းလာကာ

"ဘာတွေချက်နေတာလဲ... အနံ့ကတော့မွှေးနေတာပဲ"

"ဘယ်လိုလဲ​ မြည်းကြည့် တစ်လလုံးကြိုးစားပမ်းစားသင်ထားရတာ"

ပန်းကန်ထဲကဟင်းရည်အချို့ကိုခပ်သောက်ကြည့်ကာ

"အင်း.... မဆိုးပါဘူး.... ဒါကကော"

"ကြာဇံသုတ်လေ"

"အသားတွေအများကြီးပဲ..... အင်း​... ဒါကပိုကောင်းတယ်"

"Yeah...."

နေ့လည်စာစားသောက်ပြီး TV ကြည့်ကြသည်​ Jiji ကတော့​ TV ကြည့်ရင်းအိပ်ပျော်သွားသည်​ အိပ်ပျော်နေတဲ့ Jiji ကိုကြည့်ပြီး ဆံပင်လေးကိုသပ်တင်ပေးကာ

"တကယ့်ကလေးလေးပဲ"

ညနေ​ရောက်တော့​ Tae ရောက်လာကာ မင်္ဂလာဝတ်စုံရွေးဖို့လာခေါ်သည်

အဝတ်လဲပြီး လိုက်သွားကာ

"Oppa လျှောက်မသွားနဲ့နော် ထိုင်နေ"

"အိုခေ​ဗျ"

Oppa​ ပြန်ထိခိုက်မှာကိုမလိုလားပေ ဒါ့ကြောင့်အကြိမ်ကြိမ် ထပ်တလဲလဲ​မှာနေရခြင်းဖြစ်သည်

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"Kook မပါဘူး လား"

"ခဏနေလာလိမ့်မယ်"

ဆိုင်ရောက်တော့ စိတ်ကြိုက်ရွေးနေတုန်း​ Kook ရောက်လာသည် ဝတ်စုံရွေးပြီးမှ ညနေစာအတွက် ဆိုင်တစ်ဆိုင်ထိုင်ရင်း Menu ကြည့်နေစဥ်

"ဟေး.... Jiji"

ဘေးကအသံကြောင့်လှည့်ကြည့်မိတော့

"Myung Soo shi..."

Kook က

"ဘယ်သူ"

"တွေ့တုန်းမိတ်ဆက်ပေးရမယ်... Myung Soo shi.... သူတို့က​ Jiji​ အချစ်ဆုံးသူငယ်ချင်း Kook​နဲ့​ Tae.... ဒါက... Kim Myung Soo​လေ​ငါမိတ်မဆက်ပေးလဲ​သိလောက်မှာပါ"​

Tae ကပါးစပ်အဟောင်းသားနဲ့

"သိတယ်.... သိတယ်.... သီတင်းခေါင်းစီးပိုင်းမှာ နေ့တိုင်းပါနေကြလေ ဝန်ကြီးချုပ်သားခပ်ဆိုးဆိုးလေး... နာမည်ကြီးဘဲ ဘယ်မသိဘဲနေမလဲ အပြင်မှာပိုချောတာဟယ်"

🌈Buddy Honey🌈  ( COMPLETE )On viuen les histories. Descobreix ara