မကြာမီ များပြားသော သွေးစက်တို့က ကောင်းကင်ပြင်မှ သည်းသည်းကျလာသည်။

သွေးမိုးရွာချခြင်းပင်...

ထိုသွေးမိုးသည် လွန်ခဲ့သော ကပ်ဆိုးနှစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရသော လူသားတို့၏ အသက်သွေးများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် နတ်ဆိုးဘုရင်၏ တတိယမြောက် တမန်...

လင်းမို၏ ဘဝတွင် ပထမဆုံးအကြိမ် သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြုံတွေ့လိုက်ရခြင်းပင်။ စိမ်းစိမ်းစိုစိုရှိခဲ့သော ပတ်ဝန်းကျင်မှာ သွေးစက်တို့အတိပြီးကာ ခြောက်ခြားဖွယ် ဝန်းကျင်အဖြစ်ပြောင်းသွားသည်။

လင်းမို၏ နှုတ်ဖျားက အလိုလိုရေရွတ်မိသော အမည်တစ်ခုက...
ဟေးချို

နတ်ဆိုးဘုရင်ကို သူသည်အတိုင်းယှဉ်ပြိုင်နိုင်ရန်အကြောင်းမရှိ။ သူဟေးချိုကို လိုအပ်သည်။ သို့သော် ဟေးချို၏ နဂါးအမြုတေသည် သေဆုံးခြင်းအလွန်နယ်နမိတ်တွင် ကျန်နေခဲ့သောကြောင့် ဟေးချိုသည် နဂါးသွင်ပြင်သို့ မပြောင်းနိုင်သေး။ လင်းမိုသည်လည်း ဟေးချိုကို စိတ်ဖြင့် မဆက်သွယ်နိုင်သေး။

သို့ကြောင့်သူရှောင်ချိုကို စိတ်ဖြင့်ဆက်သွယ်လိုက်သည်။

ရေခဲလွင်ပြင်တွင်ရှိနေသော ရှောင်ချိုက လင်းမိုနှင့် ဆက်သွယ်ပြီး လင်းမို၏ အမွာစကားကို ဟေးချိုကို တစ်ဆင့်ပြန်ပြောပေးရသည်။

ဟေးချို အချိန်ရောက်ပြီ...

ထိုစကားကို ရှောင်ချိုအမှန်တကယ်နားမလည်ချေ။ သို့သော် ထိုစကားကြားသည်နှင့် ဟေးချို၏ အမူအရာမွာ သိသာစြာ ပြောင်းလဲသွားသည်။

ဟေးချိုက ရှောင်ချိုကို အလောတကြီးဖြင့် တစ်နေရာသို့ သွားရန်ရှိသည်ဟုပြောကာ ထိုနေရာမှ ရက်အတော်ကြာအထိ ပျောက်သွားလေသည်။

ဟေးချိုသည် အမှန်တကယ်တော့ သေဆုံးခြင်းအလွန်နယ်နမိတ်သို့ ပြန်သွားခြင်း ဖြစ်သည်။ ရှောင်ချိုကမူ ယခင်ကသို့ ဟေးချိုသည် ရေခဲလိုဏ်ဂူများဘက်တွင် ဆေးပင်ရှာနေသည်ဟုသာ ထင်မှတ်နေသည်။

The True Conqueror [Complete]Where stories live. Discover now