"အင်း.... Kook... ပြော"
"နင်အဆင်ပြေလား.... ငါနဲ့...Tae လာခဲ့ရဦးမလား နင်မျက်နှာမကောင်းလို့ Tae ကစိတ်ပူနေတယ်"
"အင်းရတယ်...နင်တို့လဲပင်ပန်းရောပေါ့...ငါအဆင်ပြေပါတယ်....Tae ကိုစိတ်မပူနဲ့လို့ပြောလိုက်ဦး"
"အေးအေး.... နင်ပြဿနာမရှာနဲ့နော်"
"အင်းပါ"
ဖုန်းချပြီး အိတ်ထဲကအဝတ်တစ်ချို့ထုတ်ကာ ရေချိုးဖို့ပြင်လိုက်သည် ဘာကြောင့်မှန်းမသိ ရင်ထဲဝမ်းနည်းလှိုက်ဖိုပြီး ငိုချင်စိတ်ကထိန်းမရ ဘာကိုဝမ်းနည်းလို့နည်းနေမှန်းအဖြေမရှိ....
အားမပါစွာရေချိုးခန်းထဲတရွေ့ရွေ့ဝင်ပြီး တံခါးပိတ်ကာ အကြာကြီးရေချိုးနေမိသည် သတိပြန်ဝင်တော့ ညရှစ်နာရီပင်ရှိိချေပြီ... ကိုယ်တိုင်ရူးနေပြီလို့မှတ်ချက်ချရင်း....
。。。。。。。。。。。。。。。。。。。
"ငါ.... အိမ်ပြန်မှဖြစ်မယ် ညဘက်ဆို Jiji ကတစ်ယောက်ထဲမနေရဲဘူး"
"နေပါဦးကွ.... မင်းကလဲ အစောကြီးရှိသေး ပြန်ချင်နေပြီ"
"အေးကွာ.... ဒါကုန်အောင်သောက်ပြီးမှပြန်ရမယ်"
မျက်စိရှေ့ ဝီစကီပုလင်းအသစ်မြှောက်ပြတာကို ရီဝေဝေကြည့်ရင်း
"ဒါကုန်ရင်ပြန်လို့ရပြီမလား"
"ဒါပေါ့"
ပြောလို့မဆုံးသေး လက်ထဲကပုလင်းကိုလုပြီးတစ်ကြိုက်ထဲမော့နေသည်
"ဟာ....ဟေ့ကောင်...တော်တော့..."
လိုက်လုပေမယ့် ဇွတ်ပြန်ဆွဲကာ ထပ်မော့နေတဲ့ Yoon Gi ကိုဆွဲသူကဆွဲ ဝီစကီပုလင်းကိုဆွဲသူကဆွဲနဲ့ အတော်အလုပ်ရှုပ်နေကြသည်
"တော်ပြီ....တော်ပြီ...ဒီလောက်ပြန်ချင်နေ....လာ....ငါတို့ပြန်လိုက်ပို့ပေးမယ်"
အမူးလွန်ပြီးစကားပင်ပြန်မပြောနိုင်ရှာတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး သက်ပြင်းချကာ ကားဆီသို့ဝိုင်းမလာခဲ့သည်
အိမ်ကိုရောက်တော့....
"ဟေ့ကောင်.... ရောက်ပြီ... ထ"
Ep-17
Start from the beginning