"​အင်း...သမီးလေးက ကျွန်မတို့အပေါ်သိပ်တော့မစိမ်းတော့ပါဘူး"

-------------------------------------------------------------

" ဟဲ့​ Jiji နင်တကယ်မင်္ဂလာဆောင်တော့မယ်ပေါ့"

"​အင်း"

" ဘယ်လိုဖြစ်တာလဲဟယ် ရုတ်တရက်"

"​ဒီလိုပဲ​ ရုတ်တရက်ဖြစ်သွားတာ"

"​ကိုယ်ဝန်တွေဘာတွေများရလို့လားဟဲ့ နင်ရည်းစားရနေတာ ငါ့မပြောဘူး ဘယ်လောက်ကြာတွဲခဲ့လဲ"​

"Tae ရယ်... ငါပြောတာဆုံးအောင်နားမထောင်ဘူး​ နင်ထင်နေတာတွေလဲတစ်ခုမှမဟုတ်ဘူး​ ဘာတွေလျှောက်ပြောနေတာလဲ အပျိုစစ်စစ်ရှင့်"​

"မကြာခင်တော့ အာမမခံနိုင်တော့ဘူးမလား"​

"shitt"

"ပြောပါဦး အိမ်ကပေးစားတာလား ဘယ်သူနဲ့လဲ"​

"အေး.... အဲ့လိုပဲ​ပေါ့​ သတို့သားကတော့ Yoon Gi Oppa​ နဲ့"​

"ဟယ်....ကောင်မ...ငါ့​oppaတော့သွားပါပြီ နင်ဘယ်လိုများအပိုင်ချိုင်လိုက်လဲဟင်"​

"နောက်မနေနဲ့.... ငါတကယ်မပျော်ဘူး"​

"ဟယ်.... ဘာလို့လဲ"​

"oppa ကငါ့ကိုညီမလေးတစ်ယောက်ထက်မပိုဘူးလေ"​

"လျှောက်ပြော... ငါကြည့်ရသလောက်တော့ Yoon Gi​ oppa ကနင့်ကိုဆို သည်းသည်းလှုပ် ဂရုစိုက် များ​အကြည့်တွေဆိုလဲ နင့်ကိုကြည့်တဲ့အကြည့်နဲ့ တခြားသူတွေကို ကြည့်တဲ့အကြည့်တူကိုမတူတာ.... နင့်ကိုကြည့်တဲ့အကြည့်တေက​အရမ်း​Sweet​တာပဲ​ငါတောင်ရင်ခုန်တယ်"

"​ဟုတ်လို့လား"

"​မယုံနေအေ နင်ပဲအ့နေတာ ကျန်တဲ့လူတွေအကုန်သိတယ်"

"​အေးပါဟာ.... ငါထွက်လာတာလဲကြာပြီဆိုတော့ပြန်တော့မယ် ငါ့မင်္ဂလာဆောင်မှာနင်အရံလုပ်ပေးနော်"

"​အိုခေ.....အိုခေ...."

အိမ်ကိုပြန်လာပြီး အခန်းထဲဝင်အိပ်ကာ

စိတ်ကူးထဲက မင်္ဂလာပွဲနဲ့ တကယ့်လက်တွေ့မင်္ဂလာပွဲ အကွာကြီးကွာခြားမယ်ဆိုတာတော့သိသည်။ စိတ်ကူးထဲက​မင်္ဂလာပွဲက အချစ်တွေအပြည့်နဲ့ လက်တွေ့ကတော့ အချစ်တွေမပါ အချစ်ဆိုတာမျှော်လင့်လို့ရတဲ့အရာမှမဟုတ်ဘဲလေ​ Yoon Gi oppa အပေါ်ကိုမတရားရာများကျမလား.... Kook ကိုပြောသလို့ Appa​တို့နဲ့ပြန်လိုက်သွားတာကောင်းမလား​ ဝေခွဲမရခြင်းများစွာ........

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now