"အေးပါ... ဘာမှမဖြစ်ဘူးဆိုလဲပြီးတာပဲ"

"နောက်တစ်ပတ် မင်္ဂလာပွဲဆို"

"အင်း... Oppa​ လက်မခံဘူးဆို ငါဒီ မင်္ဂလာပွဲကိုငြင်းမှာပါ ဒီအတွက်လဲ oppa ကိုငါအပြစ်မမြင်ပါဘူး"

"နင့်အိမ်ကရော ဘာတဲ့လဲ"

"​Appa နဲ့​ omma​ ကတော့​ သဘောတူတာပေါ့ သူတို့က​အရင်ကတည်းကဖြစ်စေချင်နေကြတဲ့သူတွေပဲ"

"​နင်ကကော"

"​oppa ကငါ့ပေါ်ငယ်ငယ်ကတည်းက ညီမလေးတစ်ယောက်လို ကလေးတစ်ယောက်လိုဆက်ဆံခဲ့တာပဲ အဲ့ထက်သံယောဇဥ်​ပိုမယ်မထင်ပါဘူး ငါကသာ ငယ်ငယ်ကတည်းကကြိတ်ပြီးသဘောကျနေခဲ့တာ "

"​အပိုတွေပြောနေပြန်ပြီ Seok Jin Hyung ကိုလဲ​နင်ချစ်ခဲ့တာပဲ"

"​oppa ကအချစ်ဦးလေ.... Oppa ကငါ့ကိုသဘောမကျမှန်းသိမှ ငါလက်လျော့ဖို့ကြိုးစားရင်း Seok​Jin oppa နဲ့တွေ့တာ ငါလိုချင်တဲ့အရာတွေအကုန် သူ့ဆီမှာရှိတယ်လေ Seok Jin oppa လဲသိတယ် yoon gi oppa ကငါ့အချစ်ဦးဆိုတာကို"

"​ခုကော"

"​ငါ့ဘက်ကတစ်ဖက်သတ်အချစ်ကိုစွန့်လွှတ်သင့်ပြီထင်တယ် ငါကအချစ်ရေးနဲ့ပတ်သတ်ပြီး​ကံမကောင်းပါဘူးဟာ Seok Jin oppa လဲဆုံးပြီဆိုတော့​စောက်တည်ရာမရဘဲ နာကျင်ပေမယ့် ငါသည်းခံနိုင်ပါတယ် oppa ကိုလဲပြောလိုက်ပါ ချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေ လို့​ နင်နဲ့ဖုန်းပြောနေရင်း ငါဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမိတယ် ဒီမင်္ဂလာပွဲကို ငါလက်ခံလိုက်ရင် oppa အတွက်မတရားရာကျလိမ့်မယ် အဲတော့​ငါ​ omma​ တို့နဲ့အတူ နိုင်ငံခြားကိုပဲပြန်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီ"

"​ဘာပြောတယ်"

"​ငါ့ဆုံးဖြတ်ချက်ကို ငါ့မိဘတွေလဲ​လက်ခံမှာပါ နင်လဲ အားရင်လာလည်ပေါ့"

"​ဟ.... အဲ့လိုလုပ်လို့မရဘူးလေ... ဟယ်လို... ဟယ်လို Jiji.... "

ဟိုဘက်ကတော့ဖုန်းချသွားပေပြီ ခုတင်ပေါ်အရုပ်ကြိုးပျက်ထိုင်ချနေတဲ့ Hyung ကိုကြည့်ပြီး

"​Hyung...Hyung... တစ်ခုခုလုပ်ဦးလေ... ခုဘယ်လိုလုပ်ကြမလဲ"

"​တစ်ခုခု.... တစ်ခုခုဘာလုပ်ရမလဲ"

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now