"ဘာလို့လဲ...သားငယ်ပြောတာတော့ မင်းတမင် ဒီအခန်းထဲဝင်သွားတာတဲ့"​

"ဟာ....မဖြစ်နိုင်တာ"

"ဒါဆို​မင်းညကဘာတွေဖြစ်ခဲ့လဲမှတ်မိလား"​

"ကျွန်တော်...."​

ပုလိပ်​စစ်ရဲစစ်လာစစ်နေတဲ့ omma​ ကိုဘာပြန်ပြောရမှန်းမသိ အတန်ကြာစဥ်းစားသည်အထိ ဦးနှောက်ထဲဘာမှမရှိ ဟင်းလင်းပြင်ကြီးဖြစ်လို့ ညက​သူငယ်ချင်တွေဇွတ်တိုက်လို့သောက်တဲ့အထိပဲမှတ်မိသည် နောက်ပိုင်းဘာတွေဆက်ဖြစ်လဲ စဥ်းစားမရ

"​အမှန်တိုင်းပြောရရင် ကျွန်တော်​ omma မေးတာကိုမဖြေနိုင်ဘူး​ သေချာတာကတော့ ကျွန်တော်​တို့​ညကဘာမှမဖြစ်ခဲ့ဘူးဆိုတာတော့ အာမခံတယ်"​

"တာဝန်ယူစိတ်မရှိတဲ့ မင်းကိုသားတော်မိလို့​ငါအတော်ရှက်မိတယ်"​

"omma.... ကျွန်တော်ကဘာကိုတာဝန်ယူရမှာလဲ  ကျွန်တော်​ဘာအမှားမှမလုပ်ထားတာ"​

ခုချိန်ထိ jiji ကော​ jiji's omma​ ပါဘာမှဝင်မပြော ကျွန်တော်တို့သားအမိ စစ်ခင်းနေတာကိုသာ​ ထိုင်ကြည့်နေကြသည်

"ဒီလိုအခြေနေရောက်လာမှတော့ မင်း Jiji ကိုလက်ထပ်ရမယ်"​

"Omma"

"ဘာလဲ....မင်းငြင်းလိုက်ရင် ငါ့သားမဟုတ်တော့ဘူးနော်"​

"Omma....ကျွန်တော်​ Jiji​ သဘောကိုသိချင်တယ်"​

Jiji ဘက်လှည့်မေးတော့ Jiji က​ omma​ ကိုကြည့်ကာ

"Oppa သဘောပါ....တကယ်လို့​ Oppa​ ငြင်းမယ်ဆိုလဲ Jiji လက်ခံပါတယ်"​

"မဟုတ်ဘူးလေ​ Jiji.... Oppa ပြောတာက Jiji​ က​ Oppa​ ကို​ အစ်ကိုတစ်ယောက်လိုဆက်ဆံရာကနေ ခင်ပွန်းတစ်ယောက်လို သဘောထားရတော့မယ် oppa​ ကို​ Jiji​ ကခင်ပွန်းတစ်ယောက်လိုလက်မခံနိုင်မှာစိုးတာ"​

" ကဲတော်ကြတော့ ဟိုလူ့သဘောတွေ ဒီလူ့သဘောတွေလုပ်မနေနဲ့ နောက်တစ်ပတ်ထဲ မင်းတို့​မင်္ဂလာပွဲ စီစဥ်လိုက်ပြီ ဘယ်သူမှအတွန့်တက်စရာမလိုဘူး ရှင်းလား"

ဒုက္ခ​ပါပဲ​ omma ရာ.... စိတ်ရှုပ်ရှုပ်နဲ့  Jiji ဘက်ကြည့်တော့လဲ မျက်နှာလွှဲပြီး ထွက်သွားလေရဲ့

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now