လေအဟုန်နှင့် အရှိန်ပြင်းစွာ ပျံသန်းနေမှုကြောင့် လီချန်းယုံမှာ ပြုတ်မကျစေရန် အထူးသတိထားနေရသည်။ ငှက်ကြီးက ကောင်းကင်သို့ ဦးတည်ကာ မရပ်မနားပျံသန်းနေသည်။ အမြင့်ပေမှာ မြင့်မားလွန်းသဖြင့် လီချန်းယုံ ငုံ့ကြည့်လိုက်ရာ တိမ်ဖြူဖြူများရစ်သိုင်းနေသည်ကို တွေ့မြင်ရသည်။

အလွန်တရာနည်းလာသော လေဖိအားကြောင့် လီချန်းယုံသည် အသက်ရှုမဝသလိုပင် ခံစားလာရသည်။ သူက အသက္ကို ဖြည်းညင်းစွာ ရှိုက်သွင်းပြီး စည်းချက်ညီရန် ထိန်းညှိနေစဉ်မှာပင် အဖိုးကြီးဆီက အသံကြားလိုက်ရသည်။
"သခင်လေး...သေသေချာချာကိုင်ထား''

တည့်မတ်စွာပျံသန်းနေသောငှက်ကြီးက ရုတ်တရက် ခန္တာကိုယ်ကို စောင်းချကာ ပြောင်းပြန်လှည့်လိုက်လေသည်။ ငှက်ကြီးကို မြဲမြံစွာ ကိုင်ထားသောကြောင့်သာ လီချန်းယုံပြုတ်မကျခြင်း ဖြစ်သည်။

ဝေဝါးသွားသော မြင်ကွင်းတွင် အပြာရောင်ကောင်းကင်ကြီးကို မတွေ့ရတော့ပေ။

အပြာဆရာင်ကောင်းကင်ကြီးအစား အနီရောင်နေလုံးကြီးနှင့် မိုးကုတ်စကိဝိုင်းကြီးကို တွေ့လိုက်ရသည်။ လီချန်းယုံက အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အဆုံးမရှိကျယ်ဝန်းသော လွင်ပြင်ကြီးကို တွေ့လိုက်ရသည်။ ထိုလွင်ပြင်ကြီး၏ အလယ်တွင် ထီးထီးကြီးနေရာယူထားသော အဆောက်အဦးကြီးတစ်လုံး ရှိလေသည်။

ငှက်ကြီးက ထိုအဆောက်အဦးကြီးဆီသို့ ပျံသန်းပြီး ရပ်တန့်လိုက်လေသည်။ ထူးဆန်းသောပတ်ဝန်းကျင်မြင်ကွင်းကြောင့် လီချန်းယုံသည် အံ့သြမင်သက်သွားသည်။ သည်နေရာက သာမန်လူသားတို့နေထိုင်သည့် အသွင်အပြင်မရှိပဲ လူသူကင်းမဲ့ခြောက်သွေ့ကာ လွမ်းမောဖွယ်ကောင်းသော အငွေ့အသက်တို့ လွှမ်းခြုံနေသည်။

အဖိုးကြီးက လီချန်းယုံ၏ အသံတိတ်မေးခွန်းတို့ကို နားလည်ဟန်ဖြင့် ဖြေသည်။
"သခင်လေး...ဒါကလူသားတွေနေထိုင်တဲ့သက်ရှိလောကနဲ့ နတ်ဆိုးမိစၦာ၊ တစေၦဝိညာဉ်တွေနေထိုင်တဲ့လောကကြားက နယ်နမိတ်ပါ''

လီချန်းယုံ၏ အတွေးထဲတွင် သူဖတ်ခဲ့ဖူးသော ဒဏ္႑ာရီမှ တေရာတစ်ခု၏ အမည်က ခေါင်းထဲသို့ အလိုလိုရောက်လာသည်။
သေဆုံးခြင်းအလွန်နယ်နမိတ်
တစ်နည်းအားဖြင့် ဒဏ္႑ာရီလာသတ္တဝါတို့ ဖြစ်တည်လာရာ အရပ်

The True Conqueror [Complete]Where stories live. Discover now