သို့ဆိုလျှင် ထိုအဖိုးကြီးသည် ဒဏ္႑ာရီလာသတ္တဝါများထဲမှ အသက်အကြီးဆုံး ချီလင်ဖြစ်ပေလိမ့်မည်။

"ဖိုးဖိုးက ရှောင်ချိုလို ဒဏ္႑ာရီလာသတ္တဝါလား''
လီချန်းယုံက မေးလိုက်သည်။

"မှန်ပါတယ်...သခင်လေး။ အဖိုးကအခု လူ့လောကကို အကြောင်းတစ်ခုကြောင့်ရောက်လာတာပါ။ အဲ့ဒီအကြောင်းက သခင်လေးကို သတိပေးစရာရှိလို့်ပါ''
အဖိုးကြီးက အေးဆေးတည်ငြိမ်စွာ ပြောလေသည်။

လီချန်းယုံအံ့အားသင့်စွာ သံယောင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို သတိပေးဖို့...?''

"မှန်ပါတယ် သခင်လေး။ သခင်လေးလည်း နဂါးစီးနင်းသူအရှင်နဲ့ ကြင်ယာတော်ရဲ့ ဒဏ္႑ာရီကို သိပြီးသားဖြစ်မှာပါ။ ပြီးတော့ သခင်လေးနဲ့ ဆယ့်ခြောက်ပြည်ထောင်ဘုရင်ရဲ့ကံကြမ္မာကိုရော''

အဖိုးကြီး၏စကားတစ်ခွန်းဆီက ထိုအကြောင်းအရာတိူ့ကို တမင်မေ့ထားသော လီချန်းယုံကို တုန်လှုပ်စေသည်။

"ကျွန်တော့်ကို ဘာသတိပေးစရာရှိလို့လဲ''
လီချန်းယုံ၏ အသံမွာ စိတ်လှုပ်ရှားမှုကြောင့် မသိမသာတုန်ယင်နေသည်။

"ဒီမှာပြောလို့အဆင်မပြေဘူး။ လုံခြုံတဲ့တစ်နေရာရာမှာပြောကြတာပေါ့''
ပြောရင်း အဖိုးကြီးက တောင်းဝှေးကို လက်တစ်ဖက်ဖြင့် ပြောင်းကိုင်ပြီး မြေပြင်သို့ ဆောင့်လိုက်သည်။ သက်တံ့လိုဖြာထွက်သွားသော အလင်းတန်းနှင့်အတူ ကောင်းကင်မှ တစ်စုံတစ်ရာသည် မြေပြင်သို့ ပ်ံဝဲကာ သက်ဆင်းလာသည်။

လီချန်းယုံသည် သူ့ဘဝတွင် မြင်ဖူးသမျှ၌ အကြီးမားဆုံးသော အဖြူရောင်ငှက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုငှက်ကြီးက မြေပြင်သို့ တစ်ဟုန်ထိုး ဆင်းလာပြီး နီးစပ်ရာမြေပြန့်တွင် ရပ်လိုက်သည်။

ငှက်ကြီးမြေပြင်သို့ရပ်တန့်လိုက်သောအခါ အဖိုးကြီးက ငှက်ကြီး၏ ကျောပြင်သို့ တက်လိုက်သည်။လီချန်းယုံသည်လည်း အဖိုးကြီး၏ နောက်သို့တက်ကာ ငှက်ကြီး၏ ကျောပြင်သို့တက်လိုက်သည်။

လီချန်းယုံနေရာယူပြီးသောအခါ အဖိုးကြီးသည် ငှက်ကြီး၏နားသို့ ကပ္ကာ တစ်စုံတစ်ရာအမိန့်ပေးလိုက်သည်။ မကြာမီပင် ငှက်ကြီးက ကောင်းကင်သို့ တစ်ရှိန်ထိုးတက်ကာ ပျံသန်းသွားသည်။

The True Conqueror [Complete]Where stories live. Discover now