Part-6

2K 230 7
                                    

သူဖန်ဆင်းသောကျွန်တော့်ကံကြမ္မာ
Part-6
Unicode
ရှောင်းကျန့်အိပ်ရာနိုးတော့ ဝမ်ရိပေါ်ရဲ့ကုတင်ပေါ်ရောက်နေပြီဖြစ်သည်။အောက်ကိုကြည့်လိုက်တော့ ဝမ်ရှန့်လေးလည်းမရှိတော့ပေ။သူရဲ့သခင်လေးကတော့ စားပွဲနားထိုင်ပြီး ရေနွေးအိုးတည်ခင်းကာ ကျမ်းစာဖတ်နေလေရဲ့။ရှောင်းကျန့်အိပ်ရာပေါ်ကထလာပြီး ဝမ်ရိပေါ်နားသွားလိုက်တယ်။
XZ:သခင်လေး မျက်နှာဘယ်မှာသွားသစ်ရမှာလဲဟင်
Yibo :ဟိုဘက်အခန်းဘက်သွားလိုက်
XZ :သခင်လေး အဲ့ဘက်ကတံခါးမှမရှိတာ
Yibo :ဝင်လို့ရတယ်ဝင်သွားလိုက်
XZ :မဝင်ပါဘူး သခင်လေး သက်သက်ကျွန်တော့်ကို ချောက်တွန်းချင်တာမလား
ဝမ်ရိပေါ် စိတ်မရှည်စွာနဲ့ အင်္ကျီဂုတ်ကနေဆွဲကာ နံရံရှိရာဘက် ဆွဲခေါ်သွားကာ အထဲကိုသူပါလိုက်ဝင်လိုက်တယ်။
Yibo :အဲ့မှာမြင်လား  ရေချိုးခန်း၊မျက်နှာသစ်လည်းရတယ်၊ရေချိုးလည်းရတယ်။

ရှောင်းကျန့်ကြည့်လိုက်တော့ ဝမ်ရိပေါ်ပြောတဲ့ရေချိုးခန်းဆိုတာလေးက သူ့အတွက် ရွှေနန်းတော်အလား ဝင်းထိန်လို့ သွားတိုက်တံလေးနှစ်ချောင်းကလည်း ရွှေသားအတိနဲ့လုပ်ထားတယ်၊ရေကန်လေးကလည်း ဝါထိန်ပြီးလင်းလက်နေတဲ့အပြင် မှော်လိပ်ပြာလေးတွေက တစ်လက်လက်နဲ့ ဘေးနားမှာဝဲပျံနေတယ်၊ပန်းရနံ့တွေကလည်း မွှေးပျံ့လို့ သူငယ်ငယ်တုန်းက အိမ်မက်မက်ရင်တွေ့ဖူးတဲ့အတိုင်းပင်၊ကန်လေးထဲမှာလည်း သစ်ခွပန်းကြက်သွေးရောင်လေးတွေနဲ့ ထိရက်စရာတောင်မရှိပေ။ဒါကြောင့် တံခါးကိုတောင် မှော်ပညာနဲ့စီရင်ပြီးထားထားတာကိုး
XZ :သခင်လေး ဒီစိတ်ကူးလေးကို ဘယ်လိုရခဲ့တာလဲဟင်
Yibo :ဒီနေရာက ငါ့အတွက်ဆိုပြီး တစ်ယောက်သောသူ ဆောက်ပေးထားတဲ့အခန်း၊ဒီအခန်းလေးထဲမှာ သူ့မှော်ပညာတွေနဲ့ပြည့်နှံ့နေခဲ့တာ၊မင်းအသက်ရှူတိုင်း သူ့မှော်ကမင်းကိုယ်ထဲနည်းနည်းချင်းစီ ရောက်လာလိမ့်မယ်။
XZ :ဟမ်တကယ်လား ဒါကြောင့်အသက်ရှူရတာတစ်မျိုးလေးပါလို့ကြည့်နေတာ
Yibo : မင်းမျက်နှာသစ်ရေချိုးပြီးတာနဲ့ ပြန်ထွက်ခဲ့၊မနက်စာစားမယ်။
"တစ်ယောက်သောသူက ဘယ်သူလဲဟင်၊သခင်လေးရဲ့ရည်းစားလား..."
ဝမ်ရိပေါ် အပြင်ဘက်လှည့်ထွက်မယ်လုပ်တော့ ရှောင်းကျန့် လှမ်းပြောလိုက်တဲ့စကားကြောင့် ခြေလှမ်းတွေ တုံ့ဆိုင်းသွားလေပြီ။
Yibo :သူကငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းပါ၊အခုတော့
သူငါ့ကို မမှတ်မိတော့ဘူး
XZ  :ဒါဆိုသခင်လေးက မှတ်မိအောင်လုပ်လိုက်လေ
Yibo:အင်း ငါသူ့ကိုမှတ်မိအောင်မလုပ်နိုင်သေးဘူး၊သူကိုယ်တိုင်တိုက်ထားတဲ့ ကျိန်စာကိုသူကလွဲပြီး ဘယ်သူမှ မဖြည်ပေးနိုင်ဘူး။
XZ :သူမှမမှတ်မိတာ၊ဘယ်လိုဖြေမှာလဲ၊တစ်ခြားနည်းလမ်းမရှိတော့ဘူးလား
Yibo :ရှိတယ် သူ့နှလုံးသားကို အရည်ပျော်အောင်လုပ်နိုင်ရင်တော့ သူကိုယ်တိုင်ဖြည်ပေးနိုင်တယ်၊ဒါမှမဟုတ် သူ့ဘာသာလည်းကျိန်စာပြယ်သွားနိုင်သည်။
XZ :ဒါဆိုလုပ်လိုက်လေ သခင်လေးရဲ့ ဘာတွေစောင့်နေတာလဲ၊ဟိုကသူများနောက်ပါသွားမှ ဒုက္ခရောက်နေမယ်။
Yibo :မြန်မြန်လုပ်ပြီး အပြင်ထွက်ခဲ့ အပိုစကားတွေမပြောနဲ့၊
"သူ့ကိုလည်း ငါကရှေ့နေတစ်ယောက်အနေနဲ့ အကြံပေးရသေးတယ်၊သူကဘာမှန်းလည်းသိဘူး၊အယ်ရှေ့နေဆိုလို့ ငါလည်းဒီကမ္ဘာမှာနေရမဲ့အတူတူ အလုပ်တစ်ခုလောက်လုပ်ရမယ်။တော်ကြာ သူဟာကြီးက သတိရလာပြီး သူ့ဆီပြန်လာရင် ငါလမ်းဘေးကန်ခံရမှာ အသေအချာဘဲ၊အဲ့တော့ မင်ရီနဲ့အလုပ်ရှာမှဘဲ..."
ဖျန်း (ဝမ်ရိပေါ် ရေနွေးသီးရပါပြီ)
"လူ့ကမ္ဘာကလာတာမို့လို့လားမသိဘူး မင်းတွေးလိုက်ရင် အဆန်းတွေကြီးပါလား ဝေ့ရင်းရယ်..........."
...........................................................................

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ(သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ)ရပျနား )Where stories live. Discover now