Part-7

1.9K 210 2
                                    

သူဖန်ဆင်းသောကျွန်တော့်ကံကြမ္မာ
Part-7
Unicode
ရှောင်းကျန့်နဲ့မင်ရီတို့ ဝမ်ရှန့်လေးပေါ်တက်စီးကာ မြို့ထဲထွက်လာကြတယ်။စိမ်းညို့ဥယျာဉ်ကနေထွက်တာနဲ့ သခင်လေးဖန်ဆင်းပေးထားတဲ့ နန်းတွင်းဝတ်စုံများပျောက်ကာ အခုခေတ်လူသားတွေဝတ်သလိုအင်္ကျီပုံစံမျိုး ဖြစ်သွားတယ်။ဆံပင်ကလည်း လူ့ကမ္ဘာမှာ သူညှပ်ထားတဲ့အတိုင်းပင်။
XZ :ဝါးးး မိုက်လိုက်တာ ငါ့ပုံစံပြောင်းသွားပြန်ပြီ။
မင်ရီ : ကျွန်တော်ပြောင်းလိုက်တာလေ
XZ :မင်းလည်း မှော်ပညာတတ်တယ်ပေါ့
မင်ရီ :မှော်အစွမ်းနဲ့ အင်္ကျီအပြောင်းအလဲလုပ်တာ ဒီကမ္ဘာကလူတွေအားလုံး တတ်တယ်လေ
အဲ ကြင်ယာတော်ကလွဲပြီးပေါ့
XZ :ဒါနဲ့ သခင်လေးမွေးနေ့က ဘယ်နှစ်ရက်လိုသေးလဲ
မင်ရီ:ဒီနေ့ရောဆို လေးရက်လိုပါသေးတယ်။
XZ :ငါ့ရဲ့မှော်ပညာတွေ ဘယ်တော့ရမှာလဲ
မင်ရီ :ဟင် ညကသွားတာ အလုပ်မဖြစ်ခဲ့ဘူးလား
XZ :ဖြစ်စရာလား  မင်းငါ့ကိုပွင့်ပွင့်လင်းလင်းမပြောလို့ တော်သေးတယ် ငါခံရတော့မလို့
မင်ရီ :ဟီး ကျွန်တော်ပြောပါတယ် ကြင်ယာတော်ကမှ သေချာမစဉ်းတာ
XZ :ထားလိုက်တော့ ပြန်တွေးရင် ကြက်သိန်းထချင်စရာကြီး ပြီးတော့ မင်းငါ့ကို ကြင်ယာတော်လို့မခေါ်နဲ့ ရှောင်းကျန့်လို့ဘဲခေါ်
မင်ရီ : သခင်လေးရှေ့တော့ ကြင်ယာတော်လို့ခေါ်မယ်နော်
XZ :အင်း အခု သူငယ်ချင်းလုပ်ရအောင်
မင်ရီ :ဖြစ်ပါ့မလား
XZ :ဖြစ်တာပေါ့ ငါ့ခွင့်ပြုတယ်
မင်ရီ : ဒါဆိုလည်းလုပ်ကြတာပေါ့ဗျာ
XZ :ဝမ်ရှန့်လေး အလုပ်လျှောက်လို့ရမယ့်နေရာ ပို့ပေး
ဝမ်ရှန့်လေးက ဘာမှပြန်မပြောပေမဲ့ ဦးတည်ရာရှိသွားတာကြောင့်ထင်တယ်၊နည်းနည်းမြန်သွားတယ်၊
ရှောင်းကျန့်နဲ့မင်ရီ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ပြုတ်မကျအောင်ထိုင်နေရသည်။
" ဟဲ့ ဝမ်ရှန့်ရေ ဖြေးဖြေးမောင်းပါ၊ငါပြုတ်ကျတော့မယ်"ရှောင်းကျန့်စကားကြောင့် အရှိန်လျှော့ပြီး ဖြေးဖြေးမောင်းနေသည်။
XZ :အယ် သူငါ့စကားနားထောင်သားဘဲ
မင်ရီ :ဟုတ်တယ်နော် ဒီကမ္ဘာပေါ်မှာ ဝမ်ရှန့်ကိုခိုင်းလို့ရတာဆိုလို့ သခင်လေးနဲ့ မင်းဘဲရှိတယ်။
XZ :ကျန်တဲ့သူမရဘူးလား
မင်ရီ :မရဘူး၊ငါလုပ်ပြမယ် ကြည့် "ဟေ့ ဝမ်ရှန့်လေး  နှေးနှေးလေးသွားပေး
မင်ရီပြောလိုက်တာနဲ့  ဝမ်ရှန့်အသားကုန်အရှိန်တင်ပြီး သွားတာ့သည်။
အားးးးးး (မင်ရီပြုတ်ကျလေတော့သည်။)
XZ :ဝမ်ရှန့်ဟိုမှာပြုတ်ကျသွားပြီရပ်တော့
ရှောင်းကျန့် စီးတော်ယာဉ်ပေါ်ကနေ ဆင်းလာပြီး မင်ရီကိုထူလိုက်တယ်
" ဝမ်ရှန့်မင်းနောက်ဆို သူ့ကိုပြုတ်ကျအောင်မလုပ်ရဘူးကြားလား...."
.... :ဝါးး သူကသခင်လေးရဲ့ စီးတော်ယာဉ်လေးကိုတောင်ဆူနေတယ်၊သခင်လေးကလည်း ဘယ်သူ့ကိုမှ လက်နဲ့အထိမခံတဲ့ သူ့စီးတော်ယာဉ်လေးကို သူ့ပေးထားတယ်။ကံကောင်းလိုက်တာ......
ဘေးနားက လူတွေ ဝိုင်းအုံလာတာကြောင့် ရှောင်းကျန့်ရှက်ရှက်နှင့်မင်ရီကို ဝမ်ရှန့်ပေါ်တင်ကာ အလုပ်မရှာတော့ဘဲ အဆောင်သို့ပင်ပြန်လှည့်ခိုင်းလိုက်တော့သည်။
"ဝမ်ရှန့် အဆောင်ဘဲပြန်ပို့တော့..................."

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ(သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ)ရပျနား )Where stories live. Discover now