Part-5

2.1K 206 19
                                    

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ
Part-5
Unicode
ရှောင်းကျန့် ပြုမူနေထိုင်ပုံများ သင်ပြီးတဲ့နောက် ညအချိန်သို့ရောက်သွားသည်။ထို့ကြောင့်မင်ရီအားခေါ်ပြီး ဝမ်ရိပေါ်ရှိရာသို့ လာခဲ့လိုက်တယ်။
XZ : သခင်လေး သခင်လေး
ဝမ်ရိပေါ်  တံခါးဖွင့်ကြည့်လိုက်တော့ ခေါင်းအုံးလေးပိုက်ပြီး ရှေ့ကစောင့်နေတဲ့ ရှောင်းကျန့်အားတွေ့လိုက်ရသည်။
Yibo: ဟမ် မင်းဘာလာလုပ်တာလဲ လက်ထဲမှာလည်းခေါင်းအုံးကြီးနဲ့
XZ : အဲ့တာကလေ ဟို..ဟို  သခင်လေးနဲ့ဒီမှာဘဲနေလို့ရမလား၊မင်ရီကပြောတယ် သခင်လေးနဲ့ အတူတူနေရင် မှော်အစွမ်းရတယ်တဲ့ အဲ့တာဆို ကျွန်တော် ကြင်ယာတော်ဖြစ်ဖို့ အရမ်း အားထုတ်စရာမလိုတော့ဘူးပေါ့။
ဝမ်ရိပေါ် မင်ရီကို မျက်နှာသေနဲ့ကြည့်လိုက်တယ်၊မင်ရီကတော့ ကြောက်ကြောက်လန့်လန့်ပြုံးပြရုံကလွဲ၍ မတတ်နိုင်ပေ။
Yibo : မင်ရီ မင်းသွားနိုင်ပြီ၊သူ့အဆောင်မှာဘဲ သွားပြန်စောင့်နေပါ
မင်ရီ : ဟုတ် သခင်လေး
Yibo : မင်းဝင်လာခဲ့
ရှောင်းကျန့် ဘာမှန်းမသိပေမဲ့ မှော်အစွမ်းရတော့မည်ဆိုတာကို တွေးမိတာကြောင့် အတော်လေးပျော်နေတယ်။မှော်အစွမ်းရလျှင် သူလုပ်မယ့်အစီအစဉ်တွေကလည်းအများသား ဥပမာ- သူ့အဆောင်ရှေ့တွင် ရစ်သီရစ်သီလုပ်နေတဲ့ ခွေးပေါက်စလေးတွေကို မှော်အစွမ်းနဲ့ ဖျောက်ပစ်လိုက်ချင်တာမျိုးတို့၊ဒီကမ္ဘာကနေ မှော်ပညာသုံးပြီး ပြန်သွားချင်တာမျိုးတို့ပေါ့၊ဒါတောင် မှော်ဇာတ်ကားထဲကလို လိုက်လုပ်ချင်သေးတာ၊အားမတန်လို့ မာန်လျှော့နေရသေးသည်။(သူအစွမ်းရလို့ကတော့ မလွယ်ကြောဘဲဟေ့)

Yibo : မင်း ငါနဲ့အတူတူနေမှာသေချာလို့လား
XZ : သေချာပါတယ်သခင်လေး ကျွန်တော်သခင်လေးကုတင်ပေါ်မအိပ်ပါဘူး အောက်မှာဘဲ အိပ်ရာခင်းခင်းပြီးအိပ်ပါ့မယ်။
Yibo :ဒါဆိုလည်းမင်းပုံစံပြောင်းရမယ်၊ငါ့အဆောင်ထဲမှာ မင်းတို့ခေတ်ကပုံစံမျိုး မဝတ်ရဘူး၊ငါဝတ်သလိုဘဲဝတ်ရမယ်။
XZ : ဟုတ် ရပါတယ်သခင်လေး
ဝမ်ရိပေါ် လက်ကလေးမြှောက်ပြီး လက်ဗြစ်တောက်တစ်ချက်တီးလိုက်တာနဲ့ ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီအဝတ်အစားများပြောင်းလဲသွားကာ လုံးဝရှေးခေတ်အဝတ်အစားများဖြစ်သွားသည်။အင်္ကျီမှာ ဝမ်ရိပေါ်လို အဖြူရောင်ရိုးရာဝတ်စုံဆိုပေမယ့် သူ့အင်္ကျီလောက်တော့ မသားနားပေ။
XZ: ဝါး မှော်အစွမ်းကတော်တော်မိုက်တာဘဲ အင်္ကျီလဲစရာတောင်မလိုဘူး၊ဆံပင်ကလည်းအရှည်ကြီးဘဲ၊ဒီပုံစံနဲ့ ငါတော်တော်ချောတာဘဲ (ဝေ့ရင်းပုံ)

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ(သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ)ရပျနား )Where stories live. Discover now