Part-1

9K 263 13
                                    

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ
Part-1
Unicode
ကျွန်တော့်နာမည်က ရှောင်ရှောင်းကျန့် ၊အသက်က၂၅၊နာမည်ကြီးရှေ့နေများတစ်ဦးဖြစ်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားသူဖြစ်နေတာကြောင့် ကျွန်တော်သိပ်ကို မာနကြီးတယ်။လူ့အဖွဲ့အစည်းနဲ့ နေရတာထက် တစ်ယောက်တည်းနေရတာ ကျွန်တော်ကြိုက်တယ်။အလုပ်က ကျွန်တော့်အတွက် ဘုရားသခင်ဘဲ။သူများရဲ့သောကထက် ကျွန်တော့်အမှု နိုင်ဖို့ကိုဘဲ အာရုံထားတယ်။တစ်နေ့တစ်ခြား ကျွန်တော်ဟာ စာနာမှုတရား ကင်းမဲ့လာခဲ့တယ်။ပြီးတော့ကျွန်တော့်မှာ ကြည့်မရတဲ့သူတွေ ရှိတယ်။ဒါက လိင်တူချစ်တဲ့သူတွေပါ။ကျွန်တော်တကယ်ကို ကြည့်မရဘူး၊မြင်တာနဲ့ ကန်ထုတ်ချင်လောက်အောင်ကိုမုန်းတာ။
လိင်တူချစ်တဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး အမှုလိုက်တာက ကျွန်တော့် အကျွမ်းကျင်ဆုံးအလုပ်ပေါ့ဗျာ။ဒီလိုနဲ့ ကျွန်တော့်ဆီ အမှုတစ်ခုရောက်လာခဲ့တယ်။တရားလိုလို့ပြောလို့ရတဲ့ ကောင်မလေးနာမည်က ယန်ဇီအာ၊အသက်က၂၂ ပတ်ဝန်းကျင်လောက်ရှိပြီးနဖူးပြင်နည်းနည်းမောက်တယ်။ချောမောတဲ့ထဲပါပေမယ့် အဆိပ်ရှိတဲ့လူမျိုးကဲ့သို့ ကြက်သိန်းထဖွယ်ကောင်းတယ်။အကြည့်တွေက စူးရှတာထက် မကျေမနပ်ဖြစ်နေတဲ့ အကြည့်မျိုး။ကြည့်နေရင်းပင် ထိုကောင်မလေး၏  မျက်နှာအနေအထား လုံးဝပြောင်းလဲသွားသည်။သူမက ဝမ်းနည်းကြေကွဲစွာဖြင့် ငိုနေတယ်။ကျွန်တော် ဘေးနားရှိ တစ်ရှူးဘူးကောက်ယူပေးလိုက်ပြီး မေးဖို့ဟန်ပြင်လိုက်သည်။
XZ  : ဘာများ တိုင်ပင်ဆွေးနွေးချင်ပါသလဲ။
ယန်ဇီအာ : အကို ကျမတို့နိုင်ငံမှာ လိင်တူချင်းမယူရတဲ့ ဥပဒေရှိတယ်မလား
XZ  :ရှိတာပေါ့ အခိုင်အမာကို ချထားတာလေ။
ယန်ဇီအာ : ဒါဆို ကျမသိပ်ချစ်ရတဲ့သူကို တရားဆွဲချင်တယ် ရမလားဟင်
XZ : ရတာက ရပါတယ်။ဒါပေမယ့် မင်းနဲ့သူရဲ့ကြားကဆက်ဆံရေးကိုတော့ ပြောပြရမယ်။ပြီးတော့ မင်းဖြစ်စေချင်တဲ့အရာကိုလည်း ကြိုပြောထားပါ။ဒါမှ ငါစီစဉ်စရာရှိတာစီစဉ်ထားရမှာ
ယန်ဇီအာ : သူတို့ကို အပြစ်ဒဏ်ချမှတ်တာမျိုးတော့မဟုတ်ဘူး၊ဒါပေမယ့် သူတို့နှစ်ယောက်ကို ရှိနေရက်နဲ့ ခွဲခွာသွားရအောင် လုပ်ချင်တယ်။
XZ  :ဒါက ငါ့အတွက်မခက်ခဲပါဘူး၊အခုတော့ သူတို့နဲ့မင်းရဲ့ ပတ်သက်မှုကို ပြောပြပါ။
ယန်ဇီအာ : ကျမချစ်ရတဲ့သူက ပိုင်ရွှမ်၊သူ့ချစ်သူကယဲ့ချန် ၊ကျမတို့သုံးယောက်က ငယ်သူငယ်ချင်းတွေပါ။အချစ်ဆုံးသူငယ်ချင်းတွေပေါ့။မိဘတွေကလည်း အချင်းချင်းသိကြတယ်။ငယ်ငယ်ကတည်းက ကျမနဲ့ပိုင်ရွှမ်ကို စေ့စပ်ထားခဲ့ကြတယ်။ယဲ့ချန်လည်းသိတယ်။ကျမတို့ ပေါင်းလာခဲ့တာ တက္ကသိုလ်ရောက်တဲ့အထိဘဲ။တက္ကသိုလ်ရောက်တော့ သူတို့က တစ်ဆောင်တည်းနေကြတယ်။ဘယ်သွားသွား ကျမကို ချန်ခဲ့ကြတယ်။နောက်တော့ ကျမသိလိုက်တာက သူတို့တွဲနေကြပြီတဲ့။သူတို့က ကျမကို အရှက်ရစေခဲ့တယ်။ဒါ့အပြင် အခုသူတို့ကလက်ထပ်တော့မယ်။ကျမ သူတို့ကို တရားစွဲချင်တယ်။
XZ  :အဲ့ဒီအတွက်စိတ်မပူပါနဲ့ ငါလိုက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အမှုတိုင်းက နိုင်ကိုနိုင်ရမယ်။အခုလည်း ဒီအမှုကို ငါလိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီ.......

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ(သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ)ရပျနား )Where stories live. Discover now