Part -9

2.6K 188 16
                                    

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ
Part-9
UNICODE
ရှောင်းကျန့်တစ်ယောက် သခင်လေး ဖန်ဆင်းထားတဲ့ကမ္ဘာမှာ နေနေတာအခုဆိုလေးရက်မြောက်သို့ရောက်ပြီ။လူ့ကမ္ဘာကအချိန်နဲ့ရေကြည့်ရင်တော့ တစ်နှစ်လောက်ကြာခဲ့ပြီလေ။ဆိုတော့ အရာအာလုံးကနေသားကျနေပြီ။မိန်းကလေးဆိုတာမျိုးကလည်းသိပ်မတွေ့ရတာကြောင့် တစ်ခါတစ်လေ ဒီကမ္ဘာကလူတွေလို ယောက်ျားချင်းယူကြရတယ်လို့တောင် တွေးနေပြီလေ။သခင်လေးကတော့ ကြာရှည်လှတဲ့ ငါးရက်အတွင်းမှာ နေ့တိုင်းလာတွေ့တယ်၊သူလာရင်တော့ အထီးကျန်တာမျိုး မရှိတော့ဘူးလေ၊သူက စိမ်းညို့ဥယျာဉ်မှာ လမ်းလျှောက်ဖို့ ခေါ်ခေါ်သွားတတ်တယ်။စိမ်းညို့ဥယျာဉ်ဆိုသည်မှာလည်း ဘယ်လောက်ဘဲသွားသွား သွားတိုင်း ဆန်းသစ်နေတာမျိုး၊ဒီနေ့တော့ သူအလုပ်ရှုပ်မယ်ပြောထားတယ်၊မနက်ဖြန်အတွက်စီစဉ်စရာရှိတာ စီစဉ်ရမယ်တဲ့။သူ့လိုနတ်ဘုရားက လက်ကလေးဝှေ့ယမ်းလိုက်တာနဲ့ အကုန်ဖန်ဆင်းပြီးသား ဖြစ်နေတာကို ဘာတွေများ စီစဉ်စရာရှိတာပါလိမ့်၊
"ဟူးး ဘာဘဲဖြစ်ဖြစ်ပါလေ ဒါက သူဖန်ဆင်းတဲ့ ကမ္ဘာဆိုတော့ ကျွန်တော့်ကံကြမ္မာကလည်း သူလက်ထဲမှာဘဲလေ၊နေသားကျအောင် နေရမှာဘဲ...."

ရှောင်းကျန်း တစ်ယောက်ထဲ အတွေးလွန်နေတုန်း....
မင်ကွမ်း : ကြင်ယာတော် ကြင်ယာတော် !
XZ :ဟမ် မင်ကွမ်း ဘယ်တုန်းကရောက်နေတာလဲ
မင်ကွမ်း :နည်းနည်းတော့ကြာပါပြီ။အဆောင်ရှေ့မှာ ကြင်ယာတော်ကိုလှမ်းအော်နေတာ ထူးသံမကြားတာနဲ့ စိတ်ပူလို့ဝင်လာလိုက်တာပါ။
XZ :အော် ဘာကိစ္စများရှိလို့လဲ
မက်ကွမ်း :သခင်လေးက အခေါ်လွှတ်လိုက်တာပါ။
မနက်ဖြန်ပွဲမှာတက်မဲ့ ဧည့်သည်တွေ ရောက်လို့နေပါပြီ။
XZ: အဲ့တော့ ငါက ဘယ်လိုလုပ်ပေးရမှာလဲ
မင်ကွမ်း :မိတ်ဆက်ရမယ်လေ ကြင်ယာတော်ရဲ့ ရေ၊မီး၊လေ၊မြေ တိုင်းပြည်က အမွေဆက်ခံသူတွေသခင်လေးရဲ့
XZ :အော် သူတို့က တစ်ခမ်းတစ်နားနဲ့ လာကြတာလား
မင်ကွမ်း :သူတို့တိုင်းပြည်အဝတ်အစားနဲ့  လာတာပါ။
XZ :ငါကရော ဘာဝတ်ရမှာလဲ
မင်ကွမ်း :သခင်လေးက သဘာဝတိုင်းပြည်ရဲ့ ကြင်ယာတော်ဖြစ်တာကြောင့် မြစိမ်းရောင် အင်္ကျီကို
ဝတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
XZ :အော်  ဘယ်မှာလည်း ငါ့ထဲမှာမရှိဘူးနော် သဘာဝနတ်ဘုရားမပေးထားတဲ့ ရေမှော်ပင်က ကြီးထွားဖို့လိုသေးတယ်လို့သခင်လေးကပြောတယ်။နှစ်ရက်လောက်စောင့်ရအုန်းမယ် ငါ့မှာအင်္ကျီပြောင်းဖို့လည်း မှော်အစွမ်းမရှိသေးဘူး
မင်ကွမ်း :ဒီအတွက်မစိုးရိမ်ပါနဲ့ ကျွန်တော့်ကို ပေးလိုက်ပါတယ်။
XZ :အော် ထင်တော့ထင်သားဘဲ ငါအဖြစ်မရှိမှန်းသူသိသားဘဲ
မင်ကွမ်း :ကြင်ယာတော် အချိန်မဆွဲသင့်ပါဘူးခင်ဗျ၊
ဟိုမှာ သခင်လေးနဲ့ကြင်ယာတော်တို့ကို နှုတ်ဆက် ဂါဝရပြုဖို့ ရောက်နေကြပါပြီ။
XZ :ဒါဆိုလည်းငါ့ကို အဝတ်အစားလဲပေးတော့လေ၊
မင်ကွမ်း : ဟုတ်ကဲ့ပါကြင်ယာတော်
မင်ကွမ်းလည်း အဆောင်တော်ထိန်းပီသစွာ လက်ကလေးဝှေ့လိုက်တော့ ရှောင်းကျန့် ရှေးခေတ်အင်္ကျီကိုမှ လူချမ်းသာတွေသာ ဝတ်တဲ့တန်ဖိုးကြီးအင်္ကျီမျိုးကို သူဝတ်ထားတယ်။သူရှေ့နေလုပ်စဉ်က ဒီလိုရှေးဟောင်းအင်္ကျီတွေဆိုရင် လေလံတင်ပွဲတွေ၌ သန်းချီပေးရတာကို တစ်ခါတွေ့ဖူးတယ်။
"ဝါးး မင်ကွမ်း ဒါကငါပိုင်တဲ့အင်္ကျီလား သားနားလိုက်တာ....."
မင်ကွမ်း :မနက်ဖြန်ထိမ်းမြှားလက်ထပ်ပွဲပြီးတာနဲ့ ဒီလိုအင်္ကျီတွေ အများကြီးထပ်ရမှာပါ။
XZ :မိုက်လိုက်တာ ငါသာလူ့ကမ္ဘာပြန်သွားရင် ဒီအင်္ကျီတွေယူသွားလို့ကတော့ သေချာပေါက် သန်းကြွယ်သူဌေးဖြစ်မှာဘဲ။
မင်ကွမ်း : သွားရအောင်ကြင်ယာတော် သခင်လေး
စောင့်နေလောက်ပြီ။

သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ(သူဖန်ဆင်းသော ကျွန်တော့်ကံကြမ္မာ)ရပျနား )Where stories live. Discover now