Chapter 9

7.3K 741 88
                                    

/ Unicode /

" ကြက်ကြော်က ဆယ်လို့ ရပြီ Taehyung ၊
ဆယ်တတ်လား "

" ဆယ်တတ်တယ် hyung ၊ ဒီလောက်
ကတော့ ပါးပါးလေးပဲ "

" ဆီမစင်အောင် သေချာလုပ်နော် "

" Naeeeeee ၊ ဒီမှာကြည့်လေ hyung "

ပြောရင်းနဲ့ အဆင်သင့်ချထားတဲ့ ဇကာထဲကို
ကြက်ကြော်တစ်တုံး ဆယ်ပြလိုက်တော့ ၊ Seokjin
hyung က " တော်တယ် " ဆိုတဲ့ သဘောနဲ့ လက်မ
ထောင်ပြတယ် ။ ပြီးတော့ သူ့ကို ကြက်ကြော်အိုးနဲ့
ထားခဲ့ကာ ၊ ပေါင်မုန့်ယိုသုတ်နဲ့ Coffee အတွက်
ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်နေတော့သည်။

မနေ့ညက တစ်ရေးအိပ်ပြီးရင် ပြန်မယ်ဆိုတဲ့
Seokjin hyung ဟာ ၊ တကယ့်တကယ် မပြန်ဖြစ်ပဲ
သူတို့ဆီမှာပဲ အိပ်ဖြစ်သွားတာပင် ။ ခရီးပန်းလာ
တာမို့ Namjoon hyung ပြင်ပေးတဲ့ ညနေစာကို
တောင် ထ မစားနိုင်ပဲ တစ်ခါတည်း အိပ်ပျော်သွား
တာ။ အဲ့ဒါကြောင့် သူတို့လည်း Seokjin hyung ကို
အိမ်ပြန်ပို့ပေးဖို့ မလုပ်တော့ပဲ ၊ ဒီမှာပဲ သိပ်လိုက်
တော့တယ် ။ hyung အခုလို လာအိပ်တာဟာ
ဒါပထမဆုံး ဆိုပေမယ့် ၊ မနက်တွေ့ကြတဲ့အခါ
သူ ရော Seokjin hyung ရော နေရခက်တာမျိုး
တော့ မရှိကြဘူး ။ ဒီနေရာမှာ တခြားလူသာဆို
ဘယ်လိုနေမလဲ မပြောတတ်ပေမယ့် ၊ hyung နဲ့
ကကျ ဟိုးအရင်တုန်း ကတည်းက ခင်နေခဲ့ကြ
တာမို့လို့ ရှိုးတိုးရှန်းတန်းဖြစ်မနေတာ ။ ပြီးတော့
သိပ်မကြာခင်မှာပဲ တရား၀င် ယောက်ဖ ဖြစ်လာ
တော့မှာလေ ။

" Taehyung ၊ ပြီးရင် ဒီပန်းကန်လေးတွေ သွားထား
ပေးပါဦး "

" Nae hyung "

Taehyung ကြက်ကြော်အိုးကို မီးပိတ်ကာ ၊ ဆီစစ်
ထားတဲ့ ဇကာကို သေချာနေရာချခဲ့ပြီးမှ ၊ hyung
ထားခဲ့တဲ့ ပေါင်မုန့်ပန်းကန်ကို ထမင်းစားပွဲပေါ်
သွားထားလိုက်တယ် ။ ပြီးတော့ coffee ကရား နဲ့
ကြွေခွက်တွေကိုရော ။ ဒီမှာ မေးစရာရှိတာက
ပေါင်မုန့်နဲ့ coffee ဆိုရင် ပြည့်စုံနေတာကို ၊
ကြက်ကြော်က ဘာလို့ပါလာသလဲပေါ့ ။ Seokjin
hyung ရဲ့ အပြောအရ ဆိုရင် ၊ " မနက်ကျရင်
breakfast ကို ကြက်ကြော် စားချင်တယ် " လို့
Namjoon hyung က ပြောဖူးပါသတဲ့ ။ အဲ့ဒါ
ကြောင့် မနက်စောစော နိုးနေတာနဲ့ ၊ တစ်လက်
စတည်း ကြက်သားပါကြော်ပေးနေတာတဲ့လေ ။
Namjoon hyung ထက် အရင်နိုးပြီး မီးဖိုချောင်ထဲ
ရောက်လာတဲ့ သူကတော့ ၊ တောက်တိုမယ်ရ
ရာထူးကို auto ရသွားတယ်ပေါ့ ။

𝑰𝒅𝒊𝒐𝒕 ( 𝑺𝒆𝒂𝒔𝒐𝒏~2 )Where stories live. Discover now