Chapter 4

7.5K 918 97
                                    

/Unicode/

Ring Ring Ring~~~~~~

Taehyung ဓာတ်မှန် ရိုက်တာကို အခန်းအပြင်မှာ
ထိုင်စောင့်ပေးနေတုန်း  ပေါင်ပေါ်တင်ထားတဲ့  Taehyung ရဲ့ ဖုန်းက ရုတ်တရက်ထမြည်လာတာမို့ Jimin Screen ကို တစ်ချက်ကြည့်လိုက်တော့
Unknown Number.....။ အင်း....အခုလောလော
ဆယ်တော့ Unknown Number တွေပဲဖြစ်နေမှာ
ပဲ။ Taehyung ရဲ့ အရင်ဖုန်းက Accident တုန်းက
ကွဲသွားတာကိုး.....။ Unknown Number ဆိုပေမယ့်
ကိုင်သင့် မကိုင်သင့်က တွေဝေနေစရာ စဉ်းစားနေစရာမလိုတာကြောင့် လက်မနဲ့ အစိမ်းဘက်ကို ဆွဲလိုက်
သည်။ အရင်တုန်းကလည်း Contact Name ပာပာ
မပာပာ Taehyung မအားရင် သူကိုင်နေကြပဲ။

" Hello "

" Taehyung ၊ မင်းဆေးရုံတက်နေရတယ်ဆို ၊ အခု
Seokjin နဲ့ Namjoon  ပြောမှသိတယ်၊ ဒီလောက်
အရေးကြီးတဲ့ ကိစ္စကို ဘာလို့ငါ့ကိုမပြောတာလဲ ၊
ဖုန်းလေးတောင်တစ်ချက်မဆက်ဘူး ၊ လပိုင်းလောက်
လေး မတွေ့ဖြစ်တာနဲ့ သူစိမ်းဖြစ်သွားတာမဟုတ်ဘူး
နော် ဟိတ်ကောင် "

သူ့ဆီက ဖုန်းဖြေသံကြားတာနဲ့ တရစပ်ပြောလာတဲ့
တစ်ဖက်လူရဲ့ အသံကို တစ်ခါမှမကြားဖူးတာမို့ Jimin
ဦးနှောက်ကို အမြန်အလုပ်ပေးရသည်။ အခု ပြောနေတဲ့
အသံနေအသံထားကို ကြည့်ရတာ Taehyung နဲ့
တော်တော်လေးရင်းနှီးတဲ့ပုံစံ။ Taehyung နဲ့
ရင်းရင်းနှီးနှီး ပတ်သတ်နေသမျှလူတွေထဲမှာ သူ
မသိတဲ့လူဆိုတာ လက်ချိုးရေရင်တောင် လက်
ငါးချောင်းပြည့်တာ မဟုတ်ဘူး။ ဒါပေမယ့်
အခုဟာက.....။ Seokjin hyung တို့နဲ့ပါ သိနေပုံရတဲ့
တစ်ဖက်က ခပ်ရှရှအသံဟာ ဘယ်လိုပဲစဉ်းစား စဉ်းစား သူ တစ်ခါမှမကြားဖူးတာသေချာနေတယ်။

" အခု Taehyung မရှိဘူးခင်ဗျ ၊ ဓာတ်မှန် ရိုက်နေလို့ ခဏနေရင် ပြီးတော့မှာ "

" အော်! ဟုတ်လား~~~"

Taehyung မရှိဘူးလည်း ဆိုရော တစ်ဖက်ကအသံက ရင်းနှီးမှုတွေ ပါမနေတော့ပဲ တည်တည်ငြိမ်ငြိမ်
အသံကို ပြောင်းသွားတယ်။ ဒါပေမယ့်လည်း ဖုန်း
မချလိုက်သေးတာကြောင့် Jimin ဘက်ကပဲ ဆက်
ပြောလိုက်သည်။

" ပြောစရာ ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ကို မှာခဲ့လို့
ရပါတယ်  "

𝑰𝒅𝒊𝒐𝒕 ( 𝑺𝒆𝒂𝒔𝒐𝒏~2 )Where stories live. Discover now