Extra - 4 ( Happy Valentine Day )

984 160 41
                                    

/ Unicode /

: ဘာလုပ်နေလဲ :

လက်တစ်ဖက်က ဖုန်းမှာမှတ်ထားတဲ့ ပစ္စည်းစာရင်း
ကိုကြည့်ရင်း လိုအပ်တာတွေကို တွန်းလှည်းထဲ
ကောက်ထည့်နေတုန်း Screen မှာ ပေါ်လာတဲ့စာ ။
ယူထားပြီးသားဖြစ်တဲ့ လက်ထဲက Cocoa Powder
ကို တွန်းလှည်းထဲ ပစ်ထည့်လိုက်ရင်းနဲ့ Jimin
စာပြန်လိုက်တယ် ။

: မင်းကို လွမ်းနေတာပေါ့ :

: ငါရောပဲ :

ချက်ချင်းပြန်လာတဲ့စာမှာ ရောင်စုံအသည်းပုံတွေက
အများကြီးပါလာတာမို့ Jimin အပြုံးတွေ ဖုံးမရ
ဖိမရနဲ့ Sticker တစ်ခုပို့လိုက်တယ် ။ အသည်း
အကြီးကြီးဘေးမှာ အသည်းပိစိလေးတွေပါတဲ့
Sticker က ပို့လိုက်တာနဲ့ Screen တစ်ခုလုံးမှာ
အနီရောင်အသည်းတွေ ဖုံးလွှမ်းသွားတာကြောင့်
Jimin သဘောကျလို့မဆုံးတော့ဘူး ။ Taehyung
ကလည်း မြေခွေးလေးနှစ်ကောင် နမ်းနေတဲ့
Sticker ပြန်ပို့တယ် ။

: Meeting ပြီးပြီလား :

နေ့လည် 1 နာရီ Meeting ရှိတယ်လို့ ပြောခဲ့တာမို့
နာရီဝက်တည်းနဲ့ မပြီးလောက်သေးဘူးလို့တော့
Jimin တွေးမိတယ် ။ ထင်တဲ့အတိုင်း Taehyung
ပြန်ပို့လာတဲ့ Sticker က ကြောင်ဝတုတ်လေးက
မျက်နှာကိုစူပုတ်ရင်း လက်ပိုက်ကာ ခေါင်းခါနေတဲ့
Sticker ။

" ဟားဟား စိတ်ဆိုးနေတယ် "

ကျယ်သွားတဲ့သူ့အသံကြောင့် ဘေးကဖြတ်သွားတဲ့
ဦးလေးကြီးနှစ်ယောက်ဆီက စူးစမ်းသလိုကြည့်
သွားတာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရ
ပေမယ့် Jimin ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ် ။

: အဲ့ဒါဆို Meeting မှာ အာရုံစိုက်နော် ။ ချစ်တယ်
အာဘွား :

: အင်းအင်း ချစ်တယ် Jimin ။ ငါ့ကိုဆက်ပြီး
လွမ်းနေနော် ။ မွမွ :

Seen ဖြစ်သွားတာကြောင့် စိတ်ကျေနပ်စွာပြုံးရင်း
Taehyung Conversation ကို နောက်တစ်ခါ
ထပ်ဖတ်မိပြန်တယ် ။ အပြန်အလှန်ပို့ထားတဲ့
အသည်းပုံတွေနဲ့ ကလိကလိဖြစ်စရာ စကားတွေက
စ Date ကာစ အတွဲလိုမျိုး အချစ်တွေအပြည့်နဲ့
လှပနေဆဲပဲ ။ ပြီးတော့ ရင်ခုန်သံတွေရော ။

" Designer Kim??? "

" ..... "

" အဟမ်း! Designer Kim "

𝑰𝒅𝒊𝒐𝒕 ( 𝑺𝒆𝒂𝒔𝒐𝒏~2 )Where stories live. Discover now