ဝတ်ရုံကိုချွတ်နေစဉ် ရုတ်တရက် တံခါးဆွဲဖွင့်ခံလိုက်သောကြောင့် လီချန်းယုံ၏ နီထွေးသော နှုတ်ခမ်းတစ်စုံက အံ့သြသွားဟန်ဖြင့် အနည်းငယ် ပွင့်အာနေသည်။

လင်းမိုသည် လွတ်ထွက်သွားသော အာရုံတို့ကို အတင်းပြန်စုစည်းလိုက်ပြီး သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ သူရှေ့တွင် ရှိနေသူမှာ လီချန်းယုံ၏ ပုံရိပ်မဟုတ်၊ လီချန်းယုံ အစစ်ဖြစ်ကြောင်းသိလိုက်သည်။

"ချန်းယုံ...''
လင်းမို၏ ဆွေးမြေ့သော ခေါ်သံက သူ လီချန်းယုံကို မည်မျှ လွမ်းဆွတ်နေကြောင်း သက်သေခံနေသည်။ နောက်တစ်ခုက လင်းမိုမှာ အနည်းငယ်အံ့အားသင့်ဟန်လည်းရှိလေသည်။

"မင်းဘယ်လိုလုပ်ပြီး...''

လီချန်းယုံက အံ့အားသင့်နေသော လင်းမိုကို ကြည့်ပြီး သဘောကျစွာ ရယ်လေသည်။မည်သည့်အချိန်၌မဆို သွေးအေးတည်ငြိမ်သော ဘုရင်ကြီးကို တုန်လှုပ်အောင်သူလုပ်နိုင်လေပြီ။

"ဟားဟား...အံ့သြသွားတာလား...မြောက်ပိုင်းမှာနှစ်သစ်ကူးကာလမလို့ အကုန်အနားယူနေကြပြီ။ အဲ့ဒါကြောင့် မင်းဆီလာတာ။ ကြိုပြောရင် မင်းမအံ့သြမှာဆိုးလို့...အခုလန့်သွားတယ်မလား''

သူ့ကို စိတ်ရှိလက်ရှိ ဟားနေသော ဝံပုလွေဖြူလေးကို ကြည့်ပြီး လင်းမို အသည်းပေါက်သွားသည်။ သူခမျာ နှစ်ပတ်တိတိ မစားနိူင် မသောက်နိုင် လွမ်းဆွတ်နေခဲ့ရသည်ကို လီချန်းယုံက သူ့ကို အံ့သြသွားစေချင်၍ ပြန်စာမရေးခဲ့သည်တဲ့လား...

"သြော်...ကိုယ်တော့်ကို လန့်ပြီး ပျော်စေချင်လို့ တမင်ကြံစည်ထားတာလား...ဒါပေမယ့် အပေါ်ဝတ်ရုံပါချွတ်ဖို့ လိုလို့လား...အဲ့ဒါကျ ကိုယ်တော့်ကို လန့်အောင်လုပ်ဖို့မဟုတ်ပဲ တစ်ခြားရည်ရွယ်ချက်များရှိနေလား''
လင်းမိုက ထုံးစံအတိုင်းမကောင်းဆိုးဝါးဆန်စွာ ပြုံးပြီး လီချန်းယုံကို စိုက်ကြည့်ကာ ပြောလေသည်။

ထိုအခါမှ လီချန်းယုံသည် သူ၏ အနေအထားကို သတိရပြီး ရှက်သွားသည်။ အမှန်တော့ သူ့တွင် တစ်ခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ တောင်ပိုင်းက ရာသီဥတုမှာ သူ့အတွက် မခံမရပ်နိုင်အောင် ပူနေသောကြောင့် အပူသက်သာစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူဝတ်ရုံချွတ်နေစဉ် လင်းမိုဝင်လာခြင်း ဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now