"ကြင်ယာတော်မြှောက်မလို့လေ...တောင်ပိုင်းနဲ့မြောက်ပိုင်း ချစ်ကြည်ရေး တည်မြဲအောင်''
လီချန်းယုံက မချိုမချဉ်မျက်နှာဖြင့် ပြန်ဖြေသည်။

"အားယုံ တောင်ပိုင်းနဲ့မြောက်ပိုင်း ချစ်ကြည်ရေးက ဘာမဟုတ်တဲ့ မိန်းကလေးနဲ့ တည်မြဲအောင်လုပ်မယ့်အစား ကိုယ်တော့်လို ဘုရင်ကြီးနဲ့ တည်မြဲအောင်လုပ်ပါလား...''
ပြောရင်း လင်းမိုက လီချန်းယုံကို တွန်းလှဲပြီး အုပ်မိုးထားလေသည်။

"ဖယ်...မင်းသွားဖို့ပြင်ရဦးမှာ''
လီချန်းယုံက လင်းမိုကို အတင်းတွန်းလွှတ်လိုက်သည်။ လင်းမိုက သူအမှန်တကယ် တောင်ပိုင်းသို့သွားရန် ပြင်ဆင်ရဦးမည် ဖြစ်သောကြောင့် ပြန်နောက်ဆုတ်ပေးလိုက်လေသည်။

နောက်တစ်နာရီခန့်ကြာသည့်အခါ လင်းမိုနှင့်ကိုယ်ရံတော်တပ်ဖွဲ့သည် တောင်ပိုင်းသို့ပြန်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ လီချန်းယုံက လင်းမိုကို လော့မြစ်ကမ်းစပ်အထိ လိုက်ပို့ပေးလေသည်။

"ချန်းယုံ...ပြန်တော့။ အပြင်မှာအေးနေတယ်''
ဆောင်းရာသီအကုန်ဖြစ်သော်လည်း ရေခဲမြစ်ကမ်းစပ်က လေကြမ်းတို့က အရှိန်အဟုန်ဖြင့် တိုက်ခတ်နေသေးသည်။ သို့ကြောင့် လင်းမိုက လီချန်းယုံကို လှည့်ပြန်ခိုင်းနေခြင်းဖြစ်သည်။

တောင်ပိုင်းအပူပိုင်းဒေသမှလာသော ဘုရင်ကြီးက မြောက်ပိုင်းရေခဲလွင်ပြင်မှ ဝံပုလွေဖြူလေးအတွက်စိတ်ပူနေသည်။

"အင်း...''
လီချန်းယုံအတွက် အအေးဒဏ်သည် မှုစရာမဟုတ်ပေ။ သူကလင်းမိုစိတ်ချမ်းသာအောင်သာ ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ခရီးရှည်သွားရမည့် လင်းမိုအတွက်သာ စိတ်ပူမိသည်။ မြောက်ပိုင်းကအသန်မာဆုံးသောမြင်း၊ အနွေးထွေးဆုံးသော သားမွေးဝတ်ရုံ၊ ရက်ရှည်စားနိုင်မည့် ရိက္ခာခြောက် စသည်တို့ပြင်ဆင်ပေးပြီးတာတောင်မှ လုံလောက်သည်ဟု လီချန်းယုံမထင်သေး။

လီချန်းယုံ၏ မြင်းကို ရပ်တန့်လိုက်သောကြောင့်လင်းမိုလည်း မြင်းကို ဇာတ်ကြိုးသတ်ပြီး ရပ်လိုက်သည်။

လီချန်းယုံ၏ မြင်းက လင်းမိုနားအသားကပ်လာကာ နှစ်ကိုယ်ကြား စကားပြောနိုင်အောင်ထိ ထိကပ်သွားလေသည်။ ထို့နောက် လီချန်းယုံက လင်းမို၏ နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ လီချန်းယုံပြောလိုက်သောစကားကြောင့် လင်းမို၏ မျက်နှာမှာ ပြုံးရွှင်သွားပြီး သူက အသာခေါင်းငြိမ့်ပြသည်။

The True Conqueror [Complete]Where stories live. Discover now