ရှင်းယီကြည့်လိုက်တော့ သူမကို စကားပြောနေသည်က ဆယ်ကျော်သက်အရွယ်အစေခံမလေး။
"ဘာလဲ...''

အစေခံမလေးက သူမနားကပ်လာပြီး တစ်စုံတစ်ခုကို တီးတိုးပြောသည်။
ရှင်းယီက နားထောင်ပြီး ပြန်မေးလိုက်သည်။
"သေချာလား...ငါအဲ့ဒီဆေးဆရာနဲ့တွေ့ချင်တယ် ခေါ်လာခဲ့''

အစေခံမလေးက ဦးညွှတ်အရိုအသေပေးပြီး ထွက်သွားလေသည်။

နောက်တစ်နေ့တွင် ရှင်းယီသည် ညနေစောင်း၌ လင်းမိုကို လက်ဖက်ရည်ကြမ်းဆက်သသည်ဟူသော အကြောင်းပြချက်ဖြင့် လင်းမို၏ နန်းဆောင်သို့ရောက်လာသည်။

ရှင်းယီသည်ထိုညနေက ခန္ဓာကိုယ်ကို အသာပေးပြီး လွန်ကဲပေါ်လွင်စွာ ဝတ်ဆင်ထားသော ဝတ်စုံဖြင့် လင်းမိုရှိရာသို့ သွားသည်ကိုလည်း လီချန်ယုံ မြင်လိုက်သည်။ စိတ်ရှုပ်ထွေးနောက်ကျိစေသော အရာများကို ဆက်မတွေးလိုသောကြောင့် လီချန်းယုံသည် မြှားပစ်လေ့ကျင့်ကွင်းသို့ ထွက်လာခဲ့သည်။

ရှင်းယီနန်းဆောင်သို့ရောက်လာသောအခါ စားပွဲရှေ့တွင် တည်ငြိမ်စွာ ထိုင်နေသော လင်းမိုကို တွေ့လိုက်ရသည်။

ရှင်းယီက အရင်ပြုံးပြီး နှုတ်ဆက်လိုက်သည်။
"အရှင်...မနေ့က လက်ဖက်ရည်ကြမ်းက သောက်လို့ အဆင်ပြေတယ်ဆိုလို့ ရှင်းယီလာဆက်သတာ''

ရှင်းယီက သူမ၏ မျက်နှာထက်တွင် မခို့တရို့အပြုံးကို ဆက်မြန်းပြီး လျှောက်တင်သည်။

လင်းမိုက ရှင်းယီကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။
"ဝင်လာခဲ့လေ...''

ရှင်းယီက အခန်းထဲတွင် လင်းမိုအတွက် လက်ဖက်ရည်ကြမ်းပြင်နေစဉ် ရှင်းယီ၏ အစေခံမလေးကပါ ကူညီလုပ်ကိုင်ပေးသည်။

ပြီးစီးသောအခါ ရှင်းယီက လင်းမိုကို လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးသည်။ ရှင်းယီသတိမထားမိသော အချိန်၌ လင်းမိုသည် အစေခံကလေးမလေးကို တစ်စုံတစ်ခု မျက်ရိပ်ပြလိုက်သည်။ အစေခံမလေးက ရှင်းယီကို ခွင့်တောင်းပြီး အခန်းထဲက ထွက်သွားသည်။

ရှင်းယီသည် ယခုအချိန်တွင် မည်သူမျှ မရှိလျှင် အကောင်းဆုံး ဖြစ်သောကြောင့် အစေခံမလေးကို ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now