ထိုအစား သူ့စိတ်အလျဉ်က တစ်စုံတစ်ယောက်သောသူထံ ရောက်သွားပြန်ရောက်သွားသည်။ သူက အစေခံ အမျိုးသမီးကိုကြည့်ပြီး မေးလိုက်သည်။
"သူရော အစားစားလား''

လင်းမို၏ စကားကို အစေခံအမျိုးသမီးနားလည်သည်။ သူမ အမှန်အတိုင်းသာ လျှောက်တင်လိုက်သည်။
"စိုးရွံ့ပါတယ်အရှင်...အိမ်ရှေ့စံ ဘာကိုမှ စားပွဲမတည်တာ ရက်ပိုင်းလောက်ရှိပါပြီ။ ''

အမျိုးသမီး၏ စကားတစ်ခွန်းက လင်းမို၏ နှလုံးသားတစ်ခုလုံးကို ဖျစ်ညှစ်လိုက်သလိုပင်။ ဆန္ဒရှိသလိုသာဆိုရင် အိမ်ရှေ့စံအဆောင်ဆီပြေးသွားပြီး ဆူပူလိုက်ချင်သည်။

သို့သော်.....

လင်းမိုသက်ပြင်းကိုသာ ချပြီး အဝေးတစ်နေရာကို အဓိပ္ပါယ်မဲ့ငေးနေသည်။ သူ၏ မြင်လွှာတွင် နှစ်သက်သော အစားအသောက်ရှေ့တွင် ဟန်မဆောင်နိုင်အောင် ပြုံးပျော်တတ်သော လီချန်းယုံ၏ ပုံရိပ်ကိုသာ ထပ်တလဲလဲမြင်နေသည်။

အစေခံအမျိူသမီးက တစ်စုံတစ်ခုကို ပြောသင့်မပြောသင့် ချင့်ချိန်နေဟန်ဖြင့် တွေဝေနေသည်။ သူမကြည့်ရသည်မှာ တစ်စုံတစ်ခုကို စိုးရိမ်နေပြီး လျှောက်တင်သင့်မသင့် ဝေခွဲရလက်နေဟန်ဖြစ်သည်။

လင်းမိုက အစေခံကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ကိုယ်တော့်ကို လျှောက်တင်စရာရှိရင် လျှောက်တင်ပါ''.

အမျိုးသမီးလည်း တွေဝေနေမှုကို အဆုံးသတ်ပြီး လျှောက်တင်လိုက်သည်။
"အိမ်ရှေ့စံက စားဖိုဆောင်တစ်ခုလုံးကိုမှာထားပါတယ်။ အရှင်းပွဲတော်တည်မယ့် ဟင်းလျာမပြင်ဆင်နိုင်သ၍ သူလည်း ဘာကိုမှ မတို့ထိဘူးဆိုတာ...အဲ့ဒါကြောင့် အရှင်...ကျွန်မတို့ကို သနားရင် နည်းနည်းလောက်ဖြစ်ဖြစ်စားပါ''

လင်းမိုက သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး တူကို ကောက်ကိုင်လိုက်သည်။ အစေခံအမျိုးသမီးမှာ ယခုမှ ပြစ်မှုကြီး ကျူးလွန်ထားသောသူလို သူမ၏ မျက်နှာက ဖြူဆုတ်နေသည်။
"ဒါပေမယ့် ကိုယ်တော့်ကို အဲ့ဒီအကြောင်း မပြောဖို့တော့ မင်းတို့ကို မှာထားတယ်မလား၊ ကိုယ်တော်နားလည်ပြီမလို့ စိတ်မပူပါနဲ့''

The True Conqueror [Complete]Where stories live. Discover now