ဟေးချိုပြန်ဖြေစရာမလိုပေ။ လင်းမိုပြောသည်မှာ အလွန်ယုတ္တိရှိလှသည်။
"အရှင်...အဲ့ဒါဆို ရေခဲဝိညာဉ်ဓားအစစ်က ဘယ်သူ့ဆီမှာလဲ''

လင်းမို၏ မျက်မှောင်တို့က တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေဟန် ကျုံ့သွားသည်။ခဏကြာမှ သူ့ဆီက စကားသံထွက်လာသည်။
"ရှောင်ချို...ချန်းယုံအယုံကြည်ဆုံးသူက ရှောင်ချိုပဲ သူ့ဆီအပ်ထားလောက်မယ်။ အဲ့ဒါကြောင့် မင်းက ရှောင်ချိုဆီက ရေခဲဝိညာဉ်ဓားဘယ်မှာထားလဲဆိုတာသိအောင်လုပ်ခဲ့''

ထိုအမိန့်က ဟေးချိုအတွက် ပထမဆုံးအနေဖြင့် လင်းမိုဆီက အမိန့်ပေးခံရခြင်းပင်။ ဟေးချိုက နာခံစွာပြန်ဖြေသည်။
"ကောင်းပါပြီအရှင်...''

"ပြီးရင် ငါကတစ်ပုံစံတည်းတူတဲ့ဓားရှာပေးမယ်။ အဲ့ဒီဓားနဲ့လဲထားခဲ့''
လင်းမိုက တစ်ဆက်တည်း ပြောလေသည်။

"အရှင်....ရှောင်ချိုက ဓားအစစ်မဟုတ်မှန်းသိသွားရင်...''
ဟေးချိုက စကားဆက်မပြောဘဲ လင်းမိုကို မေးလိုက်သည်။

"မင်းပြောသလိုပဲ ကိုင်ဆောင်သူကမှ အတုနဲ့အစစ်ခွဲနိုင်တာဆိုရင် ရှောင်ချိုမခွဲတတ်ဘူးဆိုတာသေချာတယ်...မင်းသာ သူမသိအောင်လုပ်ခဲ့''

ဟေးချို စိတ်ထဲကနေ စေ့စပ်သောလင်းမိုကို အကြိမ်ကြိမ်ချီးကျူးမိသည်။

လင်းမိုက ဟေးချို၏ ပခုံးကို အသာပုတ်လိုက်သည်။ သူက ဟေးချို၏ အသက်မဲ့နေသော မျက်ဝန်းတို့ကို စိုက်ကြည့်ပြီး ပြောသည်။
"ဟေးချို.. ဒဏ္ဍာရီလာသတ္တဝါတွေထဲမှာ မင်းက အစွမ်းထွက်ဆုံး နဂါး။ ငါက ဆယ့်ခြောက်ပြည်ထောင်ကို အုပ်စိုးဖို့ ကြယ်တာရာအထွန်းလင်းဆုံးတောက်ပချိန်မှာ မွေးဖွားလာတဲ့ ဘုရင်။ အနည်းဆုံး ငါချစ်တဲ့သူကို ငါကာကွယ်နိုင်တယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာလဲ ငါသိတယ်။ အဲ့ဒါကြောင့် မင်းစိတ်မပူပါနဲ့.....နဂါးစီးနင်းသူအရှင်နဲ့ကြင်ယာတော်လို အဖြစ်မျိုးက ထပ်ဖြစ်စရာအကြောင်းမရှိဘူး''

ဟေးချို၏ အသက်မဲ့သောမျက်ဝန်းတို့်က အရောင်အနည်းငယ်တောက်လာသည်။ ဟေးချို၏ နှုတ်ခမ်းဖျားတွင် အပြုံးရေးရေးလေး ပေါ်လာသည်။ ဟေးချို ယုံကြည်ပါသည်။ သူရက်ပိုင်းအတွင်းတွင်ပင် လင်းမို၏ အစွမ်းအစတို့ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။

The True Conqueror [Complete]Where stories live. Discover now