"ဘယ်သူဖြစ်ရဦးမှာလဲ
ဒါနဲ့မင်း ငါ့အငွေ့သက်ကို ခုချိန်ထိ သတိမထားမိသေးဘူးလား"

လီရှန်း နည်းနည်းစိတ်ထဲတစ်မျိုးတစ်မည်ခံစားလိုက်ရသည်။
လီရှန်းလိုလူသားတစ်ယောက်က
ဘယ်လိုလုပ်ပြီး မီးနတ်အရှင်သခင်တစ်ပါးကို အငွေ့သက်နဲ့တင်မှတ်မိနိုင်ပါ့မလဲ။

"အရှင်ကလည်း ကျနော်ကလူသားပဲကို ဘယ်လိုလုပ်သတိထားမိပါ့မလဲ"

လီရှန်းအသံကတိုးတိမ်နေသည့်တိုင် ကြည်ဖြူစွာပြောနေခြင်းမျိုးတော့မဟုတ်။ ကုတင်အောက်က ကြမ်းပြင်စီစိုက်ထားတဲ့မျက်ဝန်းတို့ကလည်း မကျေနပ်မူတို့စီးဝင်နေသည်က အတိုင်းသားပင်။

"အရင်လူသားတွေတုန်းက သတိထားမိကျပါတယ်
မဟုတ်မှ မင်းကမှတ်ဉာဏ်မကောင်းမဟုတ်ဘူးလား"

ထိုစကားကို ဖုန်းရွှမ်ဘာစိတ်မှမရှိပဲပြောမိခြင်းရယ်ပါ။
နိမ်ခြင်းလည်းမဟုတ်သလို ခံစားရပါစေဆိုတဲ့ဆန္ဒမျိုးလည်းမရှိခဲူ့ပဲ
ထိုအခြင်းရာကို ပုံမှန်စကားသံဖြင့်ပြောသည်က သက်သေထူနိုင်ပေမယ့် ထိုလူသားကောင်လေးကစိတ်ဆိုးသည်တဲ့။

"အရှင်တော်တော်တရားလွန်ပါတယ်"

ဖုန်းရွှမ်အနည်းငယ်တော့စွံအသွားရရင်း..
မှတ်ဉာဏ်မကောင်းလောက်ဘူးထင်လို့ မကောင်းလောက်ဘူးလိုပြောသည်ကို စိတ်ဆိုးသွားမည်လို့တော့ တကယ်မထင်ခဲ့မိတာအမှန်ပင်။

"တရားလွန်တယ် အမှန်ကိုပြောတာလေ တရားလွန်တယ်ပေါ့"

ဒေါသ သံမပါပဲပုံမှန်အတိုင်းပြောနေပုံက အေးစက်လွန်းလှသည်။ထိုအချင်းရာကပဲလီရှန်းကိုပိုလို့စိတ်ဆိုးစေသည်။

"အရှင်ပြောတဲ့ပုံကိုပြန်ကြည့်လေ
ဘာပဲပြောပြော အရှင်လွန်တာက လွန်တာပါပဲ"

ထိုကောင်လေးမှာ လေသံတို့ကမာမနေနိုင်သည့်တိုင် စိတ်ဆိုးနေသည်ကတော့သိသာလွန်းသည်။ယောက်ကျားလေးတန်မဲ့ နုတ်ခမ်းကရှေ့ကိုဆူထွက်တော့ စိတ်ရူပ်ဖို့ကောင်းလွန်းသည်။

"အဲတာကိုပြောမနေပါနဲ့တော့ ငါကမင်းကို အပြင်ထွက်ခွင့်ပိတ်တယ်လို့မပြောခဲ့ဖူးလား ဘာလို့ညကအပြင်ထွက်တာလဲ"

The frozen heart of the fire king (Completed) Where stories live. Discover now