"အကိုရူးသွားပြီလား သူကဘာလို့လွတ်ပေးမှာလဲ"

"နည်းရှိတယ်လေ"

ခပ်ရေးရေးပြုံးကာ အတည်ပေါက်ကြီးပြောနေတဲ့အကို့ကို ရွှမ်နိတကယ်လန့်လာသည်။ဘာတွေမဟုတ်တဲ့အကြံတွေထွက်လာဦးမှာလဲ။
ရွှမ်နိကမမေးဘဲငြိမ်နေတော့ ဇောင်လိကဆက်ပြောလာသည်။

"မင်းသာသူ့မိန်းမဖြစ်သွားရင် ငါတို့လွတ်ပြီ"

ရွှန်နိမှာ အကိုဖြစ်သူစကားကြောင့် စွံအနေလျက်...။
တကယ်ကို အကိုဖြစ်သူမှာ မဟုတ်တဲ့အကြံဆိုထွက်လွန်းလှသည်။
ဒါကြောင့်လည်း ခုချိန်ထိ မီးနိုင်တော်ရဲ့ ထိန်းသိမ်းရေးတောထဲ ကမလွတ်နိုင်ခြင်းဖြစ်မည်။

"ဘာကြီး..အကိုရူးနေပြီပဲဘာလို့အဲလိုဘဝင်ရူးရဲ့မိန်းမဖြစ်ရမှာလည်း မလုပ်နိုင်ဘူး"

"အခွင့်ရေးကိုလက်လွတ်မခံစမ်းပါနဲ့
ငါပြောမယ် မင်းသူနဲ့မိတ်လိုက်လိုက် ပြီးရင်သူ့ကိုအတင်းလက်ဆက်ခိုင်းမယ်
အဲဒါဆို ငါတို့ကောင်းကင်မြို့တော်ရဲ့ အထက်ပိုင်းစာရင်းဝင်သွားမယ် ငါတို့အထိန်းသိမ်းခံစရာမလိုတော့ဘူး"

"အကိုရူးနေပြီ"

တစ်ခွန်းသာခပ်ပြတ်ပြတ်ပြောပြီး ဂူအပြင်ကိုချာခနဲလှည့်ထွက်သွားတဲ့ရွှမ်နိကြောင့် ဇောင်လိပြောတဲ့ထဲ ဘာများမှားသွားတုန်းစဉ်းစါးမရပေ။

"..ရွှမ်နိ..နင်ပြန်လာခဲ့
စကားပြောနေတုန်းလေ မယဉ်ကျေးလိုက်တာ ငါပေးတဲ့အကြံကဒီလောက်ကောင်းနေတာကို
မြွေမျိုးနွယ်ရဲ့အရှင်ကိုမှန်းနေတာ မသိဘူးများမှတ်နေလား
ဒီအိမ်ရှေ့စံလေးလည်းမဆိုးပါဘူး
ငါအိမ်ရှေ့စံရဲ့ကြင်ယာတော်ဖြစ်မှ မနာလိုမဖြစ်နဲ့နော်"

ဇောက်လိဘယ်လောက်အော်အော် နားပိတ်ထားတဲ့ရွှမ်နိကတော့ ကြားလည်းမကြားချင်ယောင်ဆောင်ကာ တတ်နိုင်သမျှဝေးဝေးကိုသွားနေလေသည်။
ဇောင်လိနှာတစ်ချက်မူတ်ရင်း ဝတ်ဝံအမွေးအထူကြီးခင်းထားတဲ့ ကျောက်ပြားပေါ်မှာ သတိမေ့နေတဲ့အိမ်ရှေ့စံအနားကပ်သွားလိုက်သည်။
အင်္ကျီချွတ်ဖို့ခါးစည်းကြိုးဖြေနေရင်း..။

နေပါဦး...ငါအခုအိမ်ရှေ့စံကိုယူလိုက်ရင်
သူ့အဖေဧကရာဇ်ကြီးက သတ်တော့မသတ်လောက်ပါဘူးနော်
မဖြစ်နိုင်ပါဘူး..
သူ့သားနဲ့လက်ဆက်ခိုင်းတာမျိုးပဲလုပ်မှာပေါ့
မဟုတ်ရင်သူ့သားနာမည်ပျက်သွားမှာလေ
ဟုတ်တယ် အဲဒီအတိုင်းပဲဖြစ်မှာ..။

The frozen heart of the fire king (Completed) Where stories live. Discover now