"......''

လင်းမို၏ ပိုင်စိုးပိုင်နင်းစကားအောက်မှာ လီချန်းယုံပြောစရာ စကားမဲ့သွားသည်။

လင်းမိုက လျှက်တပြက်ပင် လီချန်းယုံခါးကို ဆွဲဖက်ပြီး အိပ်ယာပေါ် လှဲလိုက်သည်။ လင်းမို၏ မျက်နှာက လီချန်းယုံအပေါ်တွင် အုပ်မိုးလျှက်ရှိသည်။

"ကိုယ်တော်ကို အိပ်ယာကထစေချင်လွန်းမှတော့ ဆက်မအိပ်တော့ပါဘူး။ ဒါပေမယ့် မောင်မင်းသိလား ကိုယ်တော်က အိပ်ယာနိုးရင် ဘာအရင်ဆုံးလုပ်လဲဆိုတာ''
လင်းမို၏ နှုတ်ခမ်းတို့က မကောင်းဆိုးဝါးဆန်သော အပြုံးတို့ ဆင်မြန်းနေသည်။

"မျက်နှာသစ်...ကိုယ်လက်သန့်စင်''
လီချန်းယုံက လင်းမို၏ အကြည့်စူးစူးတို့ကို လျစ်လျူရှုပြီး ဖြေလေသည်။ လင်းမိုလိုချင်သော အဖြေကထိုအဖြေတို့မဟုတ်မှန်း လီချန်းယုံသိလေသည်။

"အဲ့ဒါအရင်က...ဒီနေ့ ကိုယ်တော်မနက်စာ အရင်သုံးဆောင်မလားလို့''

လင်းမို၏ စကားကြောင့် လီချန်းယုံ မျက်လုံးတို့ အရောင်ပြောင်းသွားသည်။ သူမသိသည်က သူ့စိတ်ထဲပေါ်လာသော မနက်စာ နှင့် လင်းမိုပြောသော မနက်စာမှာ မိုးနှင့်မြေလို ခြားနားခြင်းပင်။

"မင်းဘာစားမလို့လဲ''
လီချန်းယုံ၏ နှုတ်ခမ်းနီရဲရဲလေးက မနေနိုင်စွာမေးမြန်းလာသည်။

"ချယ်...ရီ...သီး''

လင်းမိုက စကားဆုံးသည်နှင့် သူ၏ မနက်စာဖြစ်သော လီချန်းယုံ၏ နှုတ်ခမ်းဖူးလေးကို စတင်သုံးဆောင်လေသည်။

"....''

လီချန်းယုံသည် ကိုယ်ပေါ်ကနေပြီး သူ၏ နှုတ်ခမ်းကို အတင်းဖိနမ်းနေသော လင်းမို၏ ရင်ဘတ်ကို တွန်းလွှတ်ရန်ကြိုးပမ်းလေသည်။

သို့သော် လင်းမိုက လီချန်းယုံ၏ လက်နှစ်ဖက်လုံးကို ချုပ်ကိုင်ပြီး အပေါ်မြှောက်ထားသည်။ သူက တရှိုက်မက်မက် စုပ်ယူနေသော နှုတ်ခမ်းဖူးလေးကို အသာလွှတ်ပြီး လီချန်းယုံ၏ နားရွက်ဖျားလေးနားသို့ ကပ်ကာ တီးတိုးပြောလေသည်။

"ငြိမ်ငြိမ်နေနော်...မဟုတ်ရင် ကိုယ်တော့်ရဲ့ မနက်စာက ချယ်ရီသီးတင်မကဘူး...သစ်သီးနှစ်မျိုးလောက်ဖြစ်သွားမယ်''

The True Conqueror [Complete]Where stories live. Discover now