Epilogue

15.4K 797 31
                                    







ဟန်ထင်းဟွာ သူ့ကိုယ်သူ နောက်တစ်ခေါက် ထပ်မေးမိတယ်။
သူ ဒီမိန်းမကို ဘာလို့ချစ်မိသွားတာလဲ ။

ဒီမိန်းမရဲ့ စရိုက်ပုံစံကိုက လူတွေမနှစ်မြို့ကြတဲ့ ပုံစံမျိုး။
သူနဲ့ သူ့အမေ လျို မိသားစုထဲကို စဝင်လာခဲ့ကတည်းက သူမက သူတို့သားအမိအပေါ် မရပ်မနားတမ်း ပြဿနာရှာလာခဲ့တာ။ သူ့အမေကိုလည်း အမြဲ လှောင်ပြောင်ပြီး အဖက်မတန်သလိုမထီမဲ့မြင်ဆက်ဆံခဲ့တယ် ။ နီးကပ်မှုရရှိအောင် ကြိုးစားခဲ့ရင်လည်း မသိချင်ယောင်ဆောင်ပြီး နှုတ်နဲ့လည်း အမြဲ အရှက်တကွဲအကျိုးနည်းဖြစ်အောင် စော်ကားနေကျ ။ သူမ ပါးစပ်ကထွက်သမျှ စကားတွေအကုန်လုံးက အဆိပ်တွေနဲ့ပြည့်နေခဲ့တာ ။

သူ သူမကို မုန်းတီးခဲ့တယ် ။ မုန်းတာမှ အဲ့မိန်းမရဲ့ ဆိုးဝါးတဲ့ပါးစပ်ကို အဝတ်စုတ်နဲ့ ထိုးပိတ်ပစ်ချင်လောက်တဲ့အထိကို မုန်းတီးခဲ့တာ။ အဲ့ ရက်စက်တဲ့ကြမ်းတမ်းတဲ့စကားတွေကို ဆက်မပြောနိုင်တော့အောင် ရပ်တန့်ပစ်ဖို့ ။ ဒါပေမယ့် သူ့အမေက သူ့ကို အမြဲတမ်းအလျှော့ပေးဖို့ နားချတယ် ။ အမြဲသည်းခံပေးဖို့ ဘာလို့ဆိုတော့ သူတို့သားအမိကသာ သူမအပေါ်မှာ အမှားတွေပြုမိတာကြောင့်တဲ့။

သူ့အနေနဲ့ သူ့အမေဆိုလိုတာကို သဘောပေါက်နားလည်ခဲ့တယ် ။ သူ့အမေကို စိတ်လည်းမပူစေချင်တာကြောင့် သူမ စော်ကားအနိုင်ကျင့်သမျှကို ကြိတ်မှိတ်သည်းခံခဲ့တယ် ။ သူမကို အရူးမလို့ သတ်မှတ်ပြီးတော့လေ။

ဒါပေမယ့် တစ်ခါတလေ မော်ကြွားထောင်လွှားနေတဲ့ သူမပုံကိုယ်ကြည့်ရတာ တမျိုးကြီး အထီးကျန်နေသလိုမျိုး။

အထီးကျန်တယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူလို မောက်မာထောင်လွှားပြီးမာနခေါင်ခိုက်နေတဲ့ မိန်းမမျိုးက ဘယ်လိုလုပ် အထီးကျန်နေနိုင်မှာလဲ?

ဒါနဲ့များတောင် သူ မသိမသာလေး သူမကို လေ့လာအကဲခတ်မိလာတယ်။ သူမမှာ ဘယ်တော့မှ သူငယ်ချင်းဆိုတာမျိုးမရှိဘဲ အမြဲတစ်ယောက်တည်းဖြစ်နေတယ်ဆိုတာကို သိလာရတယ်။ သူမရဲ့ မွေးနေ့ပွဲတွေကို လာတက်ချီးမြှင့်ပေးကြပေမယ့် အားလုံးရဲ့အာရုံစိုက်မှုတွေကို ရရှိပြီးတဲ့အခါ ၊ ပွဲပြီးသွားတဲ့အချိန်ဆို အခန်းဆီပြန်သွားတဲ့ သူမရဲ့တကိုယ်တည်းပုံက မောက်မာနေပေမယ့်လည်း အရမ်းကို သီးခြားဆန်လွန်းနေခဲ့တယ် ။ သူမရဲ့ ဒီလိုပုံစံကို ထင်းဟွာကတော့ သဘောမကျခဲ့ဘူး။

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now