LMA (3)

10.2K 751 7
                                    


အန်ဟိုင်က ထင်းဟွာကို စံအိမ်ကြီးရဲ့တတိယထပ်ကို ခေါ်သွားတယ် ။ အမှန်တော့ တတိယထပ်က အန်ဟိုင့်အပိုင်လို့တောင် ပြောလို့ရတယ် ။ တတိယထပ်မှာ အန်ဟိုင့်အခန်းအပြင် စာကြည့်ခန်းရယ် ၊ ဂီတအခန်းရယ် ၊ ဧည့်နေခန်းရယ်ဆိုပြီး ရှိတာ ။ဒါပေမယ့် သူမ့အဖေက ဧည့်နေခန်းကို ထင်းဟွာနေဖို့အခန်းအဖြစ် ပြောင်းလဲစေခိုင်းခဲ့တယ် ။

အန်းဟိုင်အဖေကတော့ ဒီလိုမျိုး တစ်ထပ်တည်းမှာ နီးနီးကပ်ကပ်ထားရင် သူ့သမီးနဲ့ ထင်းဟွာတို့ အချိန်တိုတိုလေးအတွင်းမှာ ရင်းရင်းနှီးနှီးရှိသွားလိမ့်မယ်လို့ ခပ်တုံးတုံးတွေးထားခဲ့တာနေမှာပေါ့။

အတိတ်မှာတုန်းကတော့ အန်ဟိုင်က ထင်းဟွာနဲ့ တည့်အောင်နေဖို့မကြိုးစားခဲ့ဘူးလေ။ အန်ဟိုင် သူ့ကိုဘယ်လောက်ပဲ ရန်စစ၊ ထင်းဟွာကတော့ ဘယ်တော့မှ အဲ့လိုရန်စတာကို ပြန်မတုံ့ပြန်ခဲ့ဘူး၊ မျက်နှာတချက်တောင် မပျက်ခဲ့ဘူး။ ပြန်တွေးကြည့်မိတော့ သူမဘယ်လောက်တောင် ထင်းဟွာအပေါ် သိမ်ဖျင်းဖျင်းဆက်ဆံခဲ့မိလဲဆိုတာတွေကို ပြန်မြင်လာတယ်။ သူမအသက်ရှင်နေတုန်းက ထင်းဟွာ CEOဖြစ်လာမှာကို တားဆီးဖို့ ကြိတ်ကြံစည်ခဲ့တာတွေကိုရော ။ အန်ဟိုင်သာ သူ့နေရာမှာသာဆိုရင် သူမလို ခေါင်းကြောမာပြီးသဘောထားသေးလွန်းတဲ့သူမျိုးနဲ့ ဖက်ပြိုင်ရန်ဖြစ်ဖို့ မတန်ဘူးလို့ တွေးမိမှာပဲ ။

ဒီ တီရှပ်အဖြူနဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဟန်ထင်းဟွာကတော့ သူမပခုံးလောက်တောင်မရှိသေးတဲ့
ကလေးအရွယ် ကျောင်းသားလေးတစ်ယောက်သာသာပါပဲ ။
အရင်တုန်းကတော့ သူမက ထင်းဟွာရဲ့ မျက်နှာအမူအရာတွေကိုအသေးစိတ်မကြည့်ဖူးခဲ့ဘူး ။ သူမသာ အဲ့လိုကြည့်ခဲ့မိမယ်ဆိုရင် ငြင်းပယ်ခံရမှာကြောက်နေတဲ့ သူ့ရဲ့ အားငယ်မှုတွေကို သူ့မျက်ဝန်းတွေထဲမှာ မြင်ခဲ့ရလောက်တယ် ။ သူတပါးရဲ့အားနည်းချက်ကို ဖိထောက်ပြတတ်တာကလည်း သူမရဲ့အစွဲကြီးနှစ်ခြိုက်တဲ့သဘာဝတစ်ခုပါပဲ ။

အန်ဟိုင် - ' နင် ငါ့ကို ကြောက်နေတာလား '

ထင်းဟွာက အရွယ်ငယ်ပေမယ့် တဖက်သားက သူ့ကို ရှိန်အောင်ခြောက်ဖို့ ကြိုးစားနေတာမျိုးကိုဆို နားလည်တယ်။ သူ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ခပ်တည်တည်နေလိုက်တယ်။
ခုချိန်မှာ ကြောက်နေတဲ့အရိပ်အယောင်ပြလိုက်ရင် တဖက်လူက သူ့ကို ချိုးဖျက်ဖို့လုပ်တော့မှာ ။

Love Me Again ( Unicode Ver ) MM translation ✅Wo Geschichten leben. Entdecke jetzt