LMA (5)

8.3K 585 18
                                    

Lamborghiniတစ်စီးက လမ်းပေါ်မှာလေပြည်တွေ ဖြတ်တိုက်သွားတဲ့အလား လျှင်မြန်စွာဖြတ်သန်းသွားပြီး တက္ကသိုလ်တစ်ခုရှေ့မှာ သွားလို့ရပ်တယ် ။

နာမည်ကြီးဒီဇိုင်နာရဲ့ဝတ်စုံနဲ့ heelအနက်စီးထားတဲ့ လျိုအန်ဟိုင် ကားထဲက ထွက်လာတော့ အရမ်းမိုက်တဲ့သူမကို ကျောင်းသားတွေအကုန် သဘောကျငေးမောလို့ မဆုံးဘူး ။

အသက် ၂၁နှစ်အရွယ်လေးမှာတင် လောကကြီးတစ်ခုလုံးက သူမလက်ထဲရောက်နေပြီဖြစ်တဲ့ လျိုအန်ဟိုင့်ကို ကျောင်းသားတွေအားလုံးက အားကျကြတယ်။ အန်ဟိုင်က သူမအမေနဲ့သူမအဘိုးဘက်က ရရှိတဲ့အမွေတွေကို ITပညာရပ်အခြေခံတဲ့ ကုမ္ပဏီအသစ်တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တယ် ။သူမ ရင်းနှီးခဲ့တဲ့လုပ်ငန်းတွေက ဒေါ်လာသန်းချီတန်တဲ့ လုပ်ငန်းကြီးတွေဖြစ်လာခဲ့တယ်လေ ။ ၂နှစ်အကြာမှာ အန်ဟိုင်က ကိုယ်ပိုင်လေယာဉ်တွေ ၊ ဇိမ်ခံအပျော်စီးသင်္ဘောကြီးတွေကို ဝယ်ယူပြီး ချမ်းသာတဲ့လုပ်ငန်းရှင်ပါတနာတွေ ငှားယူ ကမ္ဘာပတ်နိုင်အောင် ဖန်တီးခဲ့တယ် ။ သူမရဲ့ အောင်မြင်မှုနဲ့ အလှတရားတွေကြောင့် သူမကို ပိုပန်းလိုသူတွေအများအပြားပေမယ့် အန်ဟိုင်ကတော့ ခဏတာအပျော်တွဲပြီးရင် အားလုံးကို အသည်းခွဲပီး ထားခဲ့တာပါပဲ ။

အန်ဟိုင့် စိတ်ရှည်သည်းခံနိုင်စွမ်းကလည်း သုံးမိနစ်ထက်မပိုဘူးလေ ။

တစ်မိနစ်လောက်ကြာတော့ တချိန်ကချာတိတ်ကလေးသာသာအရွယ်လေးကနေ ခုတော့ အရပ်ရှည်ရှည်ချောမောခန့်ညားပြီး ပဟေဠိဆန်တဲ့အရှိန်အဝါးမျိုးနဲ့ ကောင်လေးတစ်ယောက် ဘေးမှာ အရမ်းလှပချောမောတဲ့ အိန်ဂျယ်ဆိုတဲ့ကောင်မလေးနဲ့အတူတူ  Lamborghiniရပ်ထားရာဘက်ကို လျှောက်လာတယ် ။

ဒီတက္ကသိုလ်မှာတော့ ဟန်ထင်းဟွာက သူ့ရဲ့နှစ်လိုဖွယ်အပြုံးတွေကို အိန်ဂျယ်တစ်ယောက်တည်းအတွက်ပဲ သီးသန့်အသုံးပြုတယ်ဆိုတဲ့ ကောလဟာလတွေရှိတယ် ။ မိန်းကလေးတွေက ဟန်ထင်းဟွာရဲ့အလေးပေးမှုကိုရတဲ့ အိန်ဂျယ့်ကို မနာလိုဖြစ်ကြပေမယ့် သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ စုံတွဲဆိုတာတော့ အားလုံးက အသိအမှတ်ပြုကြတယ်။

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now