LMA (2)

14.1K 784 0
                                    

အန်ဟိုင် ရှိုက်ကြီးတငင်ငိုနေတုန်းတန်းလန်းပဲ နောက်ကနေ ခေါ်သံတစ်သံ ကြားလိုက်တယ်။

'သခင်မလေး...'
အိမ်အကူ ဒေါ်ကြီးချန်က ခေါ်လိုက်တယ်။

အန်ဟိုင် အလန့်တကြားမျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်ရည်တွေကြားထဲကနေ ဒေါ်ကြီးချန်ကို ဝိုးတဝါးတွေ့လိုက်ရတယ် ။

'ဒေါ်ဒေါ်ချန်?'

ဒေါ်ကြီးချန်က သူမကို ဘယ်လိုလုပ်မြင်ရတာလဲ ။ အန်ဟိုင်မှတ်မိတာကတော့ သူမ၁၂နှစ်သမီးလောက်ကတည်းက ဒေါ်ကြီးချန်က သူ့မြေးလေးတွေကို ထိန်းဖို့ဆိုပြီး Luo စံအိမ်ကြီးကနေ ထွက်သွားခဲ့တာ ။

ဈာပနတုန်းက ဒေါ်ကြီးချန်လည်း အန်ဟိုင့်အဖေနီးပါးကို အရမ်းငိုနေခဲ့တာ ။ အန်ဟိုင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတယ်။
သူမက ဘာလို့ သင်္ချိုင်းမှာ ရှိမနေရတာလဲ ။ ဘယ်လိုဖြစ်ပြီး Luo စံအိမ်ထဲက သူမရဲ့အခန်းထဲကို ပြန်ရောက်နေတာလဲ။

' သခင်မလေး သခင်မလေးအမေကို အိပ်မက်မက်လို့လား '
ဒေါ်ကြီးချန်က စိုးရိမ်တကြီးမေးတယ် ။
' သခင်မလေးအမေကလေ တအားကို ခေါင်းကြောမာတာပဲ ၊ အဲ့လိုခေါင်းကြောမာခဲ့လို့ ခု ဘာတွေများကောင်းတာဖြစ်လို့လဲ ။ အခု သူဆုံးတာတောင် မကြာသေးဘဲ သခင်မလေးအဖေက နောက်အိမ်ထောင် ထပ်ပြုတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ဒီနေ့ပဲ အဲ့ဒီ့နောက်မိန်းမနဲ့ သူ့သားကို အိမ်ကိုခေါ်လာမယ်လို့ အိမ်တော်ထိန်းကို ပြောနေတာကြားခဲ့သေးတယ် ။'

ဒေါ်ကြီးချန် အန်ဟိုင်လေးအတွက် ရင်နာလို့မဆုံးဘူး။ အန်ဟိုင့်အဖေက ဘယ်လိုတောင်ထောက်ထားမှုမရှိ အမေဆုံးသွားတာမှမကြာသေးတဲ့ ကလေးမလေးဆီကို မိထွေးတစ်ယောက် ခေါ်လာရက်ရတာလဲ ။ အဲ့မိထွေးက အန်ဟိုင်လေးအပေါ် မကောင်းရင် ဘယ်လိုလုပ်မလဲ ။

ဒေါ်ကြီးချန်တစ်ယောက် အန်ဟိုင့်အတွက် စိတ်မကောင်းဖြစ်နေတုန်းမှာ အန်ဟိုင့်နှလုံးသားကတော့ ဝေခွဲမရတာတွေသံသယတွေနဲ့ ပြည့်နှက်လို့နေတယ် ။ဒေါ်ကြီးချန်ပြောတဲ့ အဖေ့ရဲ့နောက်မိန်းမဆိုတာက ဘာကြီးလဲ?

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now