LMA (4)

9.3K 680 20
                                    


အရင်တုန်းက အန်ဟိုင်ကသူမကို ကျောင်းမှာ social lifeကို အလေးမထားဘူးဆိုပြီး သူ့အဖေနဲ့မိုင်းဖန်ကပြောရင် မဟုတ်ကြောင်းခါးခါးသီးပြန်ငြင်းတတ်လေ့ရှိခဲ့တယ် ။ သူမရဲ့ ပထမဘဝမှာတုန်းက အရင်းနှီးဆုံးသူငယ်ချင်းဆိုတာ မရှိခဲ့ဘူး။ ဒါပေမယ့်လည်း မူးယစ်ဆေး ၊ အရက် ၊ clubတွေလို ပျက်စီးစေမယ့် ဘဝမျိုးနဲ့မဟုတ်ဘဲ ကျန်းမာတဲ့ဘဝမျိုး နေထိုင်ခဲ့တယ်လို့ ပြောရမယ် ။

ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ သူမကအမြဲတမ်းကျောင်းမှာဆို လည်း တစ် ချည်းဆွဲခဲ့တာပါပဲ ။ သူမအမေရဲ့ အလှတွေအကုန်အမွေဆက်ခံထားရပေမယ့်လည်း ယောက်ျားလေးတွေက သူမကိုဆို ရှိန်ကြလို့ ချဉ်းကပ်တာမျိုးလည်း မလုပ်ရဲခဲ့ကြဘူး ။

ကျောင်းမှာဆို သူမမှာ အပေါင်းအသင်းမရှိဘူး။ ဒါပေမယ့် သူမအဖေရဲ့ သမီးဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် ဘယ်ကျောင်းသားကမှလည်း သူမကို မစော်ကားမထိပါးရဲကြဘူး။ သူမအဖေနဲ့ စီးပွားရေးအကျိုးတူပူးပေါင်းချင်တဲ့အိမ်တွေက သားသမီးတွေက သူမကို ခင်မင်ချင်ယောင်ဆောင်ပြီး ချည်းကပ်လာကြရင်လည်း သူမက ချေချေမိုးမိုးပဲ ပြန်ဆက်ဆံပစ်ခဲ့တာ ။

၁၄နှစ်သမီးအရွယ်ခန္ဓာကိုယ်ထဲ ပိတ်လှောင်ခံနေရတဲ့ အသက်၃၀အရွယ် မိန်းမသားတစ်ယောက်အဖို့ ကျောင်းသင်ခန်းစာတွေက အရမ်းကိုငြီးငွေ့ဖွယ်ကောင်းနေတာပေါ့ ။

နေ့လည်စာစားချိန်ရောက်တော့ အန်ဟိုင် အိမ်ပြန်ရင်ကောင်းမလားတွေးနေတုန်းမှာပဲ ဟန်ထင်းဟွာပေါ်လာပြီး သူ့ထမင်းဘူးကို သူမရဲ့ စားပွဲပေါ်မှာ ချလိုက်တယ် ။

အန်ဟိုင် - ' နင်က ဒီမှာ ဘာလုပ်နေတာလဲ'

သူမ သိရသလောက် ဟန်ထင်းဟွာက ဒီကျောင်းကကျောင်းသား မဟုတ်ပါဘူး။ ဘယ်သူက သူ့ကို ကျောင်းထဲပေးဝင်တာလဲ။
ပုံစံကြည့်ရတာလည်း သူမနဲ့ ထမင်းစားဖို့ ရောက်လာတဲ့ပုံ ။

ထင်းဟွာ - ' ဒီနေ့ ငါ့ကျောင်းက နေ့တဝက်ပဲတက်ရတာ ။
အမေက နင်နဲ့ နေ့လည်စာ လာစားဖို့ပြောလို့ ။ စားပြီးတာနဲ့ ငါက အိမ်ပြန်မှာ '

Love Me Again ( Unicode Ver ) MM translation ✅Where stories live. Discover now