LMA (9)

8.1K 555 0
                                    


လျိုအန်ဟိုင်တစ်ယောက် သူမရဲ့ ထင်ထင်ရှားရှားအိပ်မက်က တကယ်ကြီးလိုကို ခံစားနေရတယ် ။ လေးလံနေတဲ့ မျက်ခွံတွေကို ဖွင့်လိုက်တော့ သူမက အိပ်ရာပေါ်ရောက်နေပြီး တစ်စုံတစ်ယောက်က သူမရဲ့ခါးကို ဖက်ထားတယ် ။ အန်ဟိုင် သူမရဲ့ ဝတ်လစ်စလစ်ကိုယ်ကို ငုံ့ကြည့်လိုက်တယ် ။ ကိုယ်တုံးလုံး အိပ်တာက အထူးအဆန်းမဟုတ် ၊ အထော်မနှန်းနိုင်နေတာက သူမရဲ့ခါးကိုဖက်ထားတဲ့ ယောက်ျားတစ်ယောက်ရဲ့လက်ပဲ ။ နောက်မှာအိပ်နေတာမို့ ဘယ်သူလဲ မသိနိုင်ပေမယ့် အဲ့လူလည်း ကိုယ်တုံးလုံးဖြစ်နေတာကိုတော့ ခံစားလို့ရတယ် ။

အန်ဟိုင် အိပ်ယာပေါ်က ခုန်ထပြီး အိပ်ယာခင်းစကို သူမရဲ့ကိုယ်မှာပတ်လိုက်တယ် ။ သူမရဲ့အိပ်ယာပေါ်က အဝတ်အစားမပါတဲ့ ယောက်ျားက ဟန်ထင်းဟွာပင် ။ သူ့ရဲ့ ထုဆစ်ထားသလိုအချိုးကျတဲ့ ခန္ဓာကိုယ်ကို အန်ဟိုင် ကြည့်ရင်း လျှာသပ်မိတယ် ။ သူ့ကျောပေါ်က ကုတ်ခြစ်ရာတွေက အန်ဟိုင့်ကို ခေါင်းကိုက်လာစေရော ။ မနေ့ညက ဘာဖြစ်ခဲ့တာလဲ? နှုတ်ခမ်းကို ထိကြည့်တော့ သူ့ရဲ့ ပူလောင်တဲ့အနမ်းတွေနဲ့ ပွတ်သပ်မှုတွေကို အမှတ်ရတယ်။ချီးပဲ ။ ဒီအရှုပ်ထဲက ဘယ်လိုများ ရုန်းထွက်ရပါ့မလဲ ။ သူ အိမ်ကို မောင်းပို့ပေးပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့တာလဲ ? ဘာလို့ သူမကိုယ်ပေါ်မှာ သူမရဲ့ ရေချိုးဆပ်ပြာနံ့ရနေရတာလဲ ? သူမ အသိစိတ်မရှိတဲ့အချိန်မှာ ဟန်ထင်းဟွာ အခွင့်အရေးယူခဲ့တယ်ဆိုတာကိုတော့ မယုံကြည်နိုင်ဘူး ။ ဒါပေမယ့် သူမကိုယ်ပေါ်က ကိုက်ရာတွေကရော ဘာတွေတုန်း? ဘာလို့ ဒင်းကရော ကိုယ်တုံးလုံးနဲ့ သူမကုတင်ပေါ်မှာ အိပ်နေရတာတုန်း ။

အန်ဟိုင့်အနေနဲ့ သူမကို ဟန်ထင်းဟွာမုန်းတီးလာအောင် နည်းလမ်းမျိုးစုံနဲ့ အရာအားလုံးလုပ်ခဲ့ပီးပီ ။ ဘာလို့ သူမတို့နှလုံးသားတွေက ဒီလိုလာအဆုံးသတ်ရတာလဲ။ ဒီနှလုံးသားတွေက ဘယ်လောက်ထိများ နက်နက်ရှိုင်းရှိုင်းတွယ်ငြိသွားကြဦးမှာလဲ ။ ဘယ်လိုဖြစ်ပြီး ဒီဖြစ်နည်းဖြစ်စဉ်တွေက သူမရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်ပြီး ဖြစ်ပျက်ကုန်ရတာလဲ ။ ဟန်ထင်းဟွာ သူမအပေါ် အခွင့်ကောင်းယူတယ်လို့တော့ အန်ဟိုင် မသုံးနှုန်းချင်ဘူး ။ဘာလို့လဲဆိုတော့ သူမဘက်က သူ့ကို စမွှေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတယ်လေ ။

Love Me Again ( Unicode Ver ) MM translation ✅Donde viven las historias. Descúbrelo ahora