သူသည်နန်းဆောင်သို့ရောက်သောအခါ လင်းမိုကို ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ လင်းမိုက အစအဆုံး ငြိမ်သက်ပြီး နားထောင်နေလေသည်။ လီချန်းယုံ ပြောပြီးသောအခါမှ သူက စတင်မေးမြန်းလေသည်။

"ချန်းယုံ...မင်းတစ်ယောက်တည်းမသွားနဲ့...ကိုယ်ရံတော်တစ်ယောက် ခေါ်သွား''

လင်းမို၏ စကားကြောင့် လီချန်းယုံမျက်နှာအနည်းငယ်မဲ့သွားသည်။
"မင်းငါ့ကိုသေစေချင်နေတာလား...ပုန်ကန်မှုဖြစ်တော့မယ့် ပြည်နယ်ကို ဘယ်လောက်ပဲ သိုသိုသိပ်သိပ် သွားမယ်ပြောပြော ကိုယ်ရံတော်တစ်ယောက်တည်းခေါ်စရာလား...ဆယ်ယောက်တောင် မလုံလောက်သေးဘူး''

လင်းမိုက လီချန်းယုံ၏ စကားကို နှစ်လိုစွာ ပြုံးပြီး တုံ့ပြန်လာလေသည်။
"မဆိုးပါဘူး...မင်းတောင်တွေးတတ်လာပြီ...သေချာတာပေါ့ မင်းရဲ့ ကြာပွတ်တောင် ကောင်းကောင်းမကိုင်နိူင်တဲ့ သုံးစားမရတဲ့ တပ်ဖွဲ့ခေါ်သွားရင်တော့ မင်းလမ်းတစ်ဝက်တင် လုပ်ကြံခံရပြီးသေမှာပဲ''

လီချန်းယုံက လင်းမို မည်သည့်ကိစ္စကို မကျေမနပ်ဖြစ်နေမှန်း ကောင်းစွာ သိလေသည်။ သူ၏ ကျောပြင်က အနှီကြာပွတ်ရာကို လင်းမို မကျေနပ်နေခြင်းပင်...

"အဲ့ဒါဆို မင်းတပ်ဖွဲ့ကလူတွေခေါ်သွားရမှာလား''

"အင်း...''
လင်းမိုက ခေါင်းငြိမ့်ပြသည်။

"အကုန်လုံးလား ''
လီချန်းယုံက ဆန္ဒစောလျင်စွာ မေးလိုက်သည်။

"မဟုတ်ဘူး...အတော်ဆုံး တစ်ယောက်ဆိုရပြီ''

လင်းမို၏ ကိုယ်ရံတော်တပ်ဖွဲ့၏ စွမ်းရည်ကို လီချန်းယုံ မမြင်ဖူးသော်လည်း ဆယ့်ခြောက်နိုင်ငံလုံးတွင် အနှီတပ်ဖွဲ့၏ ကျောစော ဂုဏ်သတင်းတို့က မကြားချင်မှအဆုံးပေ။ ထိုတပ်ဖွဲ့တွင် အတော်ဆုံး မည်သူလဲဆိုတာ လီချန်းယုံအမှန်တကယ် သိချင်သွားသည်။

"အတော်ဆုံးက ဘယ်သူလဲ''

လင်းမိုက သူ၏ နှုတ်ခမ်းထောင့်စွန်းတို့ကို ကွေးတက်သွားအောင် ပြုံးလိုက်လေသည်။
"ငါလေ''

လီချန်းယုံမှာ သူ၏ ဖြောင့်စင်းနေသော နှုတ်ခေါင်းလေး ရှုံ့မိသွားသည်။ သူက လင်းမို၏ ပရိယာယ်များလှသော စကားတို့ကို မရိပ်မိဘဲ လင်းမို၏ အသားလွတ်ကိုယ်ရည်သွေးကြွားဝါခြင်းကို ခံလိုက်ရသည်။

The True Conqueror [Complete]Where stories live. Discover now