အပိုင်း -၂၉ (Zawgyi + Unicode)

Beginne am Anfang
                                    

ပိုင်ရန်က ဆက်လက်ပြီး “နောက်ပိုင်း တိမ်လွှာပျံဝဲဂိုဏ်းက ကျွန်တော့်ကိုဖမ်းမိသွားတယ်.. အဲ့ကောင်စုတ်လေးနဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့သမီးက ဉာဏ်များပြီး ထွက်ပြေးဖို့အခွင့်အရေးရသွားတယ်၊ အရှင့်အစေခံကဒီထက်ပိုပြီး စွမ်းအင်မရှိတော့တာကြောင့် သူတို့တွေခုထိမသေကြသေးတာပါ၊ အရှင့်အစေခံက ဒီအကြောင်းကိုအရှင့်ဆီချက်ချင်း မတင်ပြလိုက်မိပါဘူး အရှင်၊ အဲ့အပြင် ဆယ်ကျော်သက်ကောင်လေးက ခုနစ်စင်ကြယ်သားတော်ဖြစ်နိုင်လောက်မယ်ဆိုတာလည်း သတိမထားလိုက်မိပါဘူး၊ အရှင့်အစေခံက တာဝန်ပေါ့လျော့မိပါတယ်.. အရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုအပြစ်ပေးပါ”

သူပြောပြီးတာနဲ့ ပိုင်ရန်ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ရိုးသားတဲ့ဖိုးသခွားရုပ်လေးလုပ်နေတယ်။

သူပြောတာကလည်း ကျိုးကြောင်းဆီလျော်နေတာပဲလေ။ သူဇာတ်လိုက်ကို နဂိုတည်းကသိပြီး ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ရင်းပြီး ကာကွယ်နိုင်ဖို့ ထွက်သွားတာကလွဲရင် ကျန်တာတွေကအကုန် အမှန်တွေချည်းပဲ။

ပိုင်ရန်ဘာလို့အများကြီးထုတ်ပြောရတာလဲဆိုတော့ လော့ကျန်းဖန်းက နတ်ဆိုးဘုရင်ကြီးကို သူ့ရဲ့သံသယတွေနဲ့ ခန့်မှန်းချက်တွေကိ ပြောပြထားပြီးသားဖြစ်နေမှာ စိုးတာကြောင့်ဖြစ်တယ်။ တကယ်လို့နတ်ဆိုးဘုရင်ကြီးက သူ့ကိုမသင်္ကာစဖြစ်လာပြီး သူ့ရဲ့အနာဂတ်အကြံအစည်တွေမှာ အဆင်မပြေဖြစ်နိုင်ချေရှိတယ်။ အဲ့အပြင် ဇာတ်လိုက်မသေခဲ့ရင် နတ်ဆိုးဘုရင်ကြီးက ဇာတ်လိုက်ကိုအာရုံစိုက်မိသွားနိုင်ပြီး သူ့ကိုပါမယုံမကြည်ဖြစ်လာတော့မယ်။ ဒါကြောင့် သူ့ကိုပြောပြထားတာကပိုအန္တရာယ်ကင်းပြီး နောက်မှပဲ ဇာတ်လိုက်ကိုကာကွယ်ဖို့အကြံထုတ်လိုက်မယ်။

နတ်ဆိုးဘုရင်ကြီး ခဏနှုတ်ဆိတ်သွားတယ်။ “မင်းက ဒါလေးပြောဖို့အတွက်နဲ့ ကိုယ်တော့်ဆီကို အရေးတကြီးရောက်လာတာပေါ့?”

ပိုင်ရန်ကြောင်သွားတယ်။ သူထင်လိုက်တာက နတ်ဆိုးဘုရင်ကြီးက ခုနစ်စင်ကြယ်သားတော်အကြောင်း ဆက်မေးမယ်ပေါ့… ဒါပေမယ့် မေးလည်းမမေးဘူး။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Wo Geschichten leben. Entdecke jetzt