"ဟုတ်တယ်...သူမချစ်ရတဲ့သူအတွက် အသက်ကိုတောင်စတေးခဲ့တာ''
လီချန်းယုံကပါထောက်ခံလေသည်။

"ဘာဆက်ဖြစ်သွားလဲ နဂါးစီးနင်းသူအရှင်က...''
လင်းမိုက ကျန်ရှိတဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားစွာမေးလေသည်။

"လူ့လောကက အေးချမ်းသွားတဲ့အတွက် နဂါးစီးနင်းသူအရှင်က သူရဲ့နဂါးကြီးနဲ့ သေဆုံးခြင်းအလွန်နယ်နမိတ်ကို ထွက်သွားခဲ့တယ်...အဲ့ဒီအချိန်ကစပြီး လူ့လောကဟာ သာမန်ကမ္ဘာတစ်ခုလိုပဲ ပြန်ဖြစ်သွားတယ်တဲ့...နဂါးစီးနင်းသူအရှင်က သေဆုံးခြင်းအလွန်နယ်နမိတ်မှာ သူ့ချစ်သူကို နှစ်ရာချီပြီး စောင့်ဆိုင်းနေခဲ့တယ်တဲ့...သူမပြန်မလာနိုင်တာ သေချာသွားတဲ့နောက်မှာ သူပြုလုပ်ခဲ့တဲ့ဓားနဲ့ကိုယ့်ကိုယ်ကို စီရင်သွားခဲ့တယ်''

"အဲ့ဒါဆို သူ့ရဲ့နဂါးကြီးကျန်နေသေးတယ်ပေါ့''
လင်းမိုက သူစဉ်းစားမိသော မေးခွန်းကို မေးလေသည်။

"ဟုတ်တယ်...နဂါးကြီးက လူ့လောကကို ပြန်လာလို့မရဘူး...သူ့အရှင်သခင်ဖြစ်လာမယ့်သူတစ်ယောက်ကပဲ ပြန်ဆင့်ခေါ်နိုင်မှာ...ဒီမှာပြောထားတာကတော့ နဂါးစီးနင်းသူအရှင်သခင်အသစ်ဟာ လူ့လောကမှာ သာမန်လူလိုပဲ မွေးဖွားလာမယ်တဲ့ လူ့လောကကံကြမ္မာဆိုးနဲ့ကြုံတွေ့တဲ့ အခါမှ သူက သေဆုံးခြင်းအလွန် နယ်နမိတ်ကိုဖြတ်ပြီး သူရဲ့နဂါးကြီးကို ဆင့်ခေါ်ပြီး လူ့လောကကို ကာကွယ်ပေးမယ်တဲ့''
လီချန်းယုံက လင်းမိုကို ရှည်ဝေးစွာပြောပြီးသည့်နောက်မှာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

"ပြီးသွားပြီလား''
လင်းမိုက လီချန်းယုံကို ငဲ့စောင်းကြည့်ပြီး မေးလေသည်။

"ပုံပြင်က ပြီးသွားပြီ...ဒီမှာရှင်းပြထားတာတော့ ရှိသေးတယ်
နဂါးစီးနင်းသူအရှင်ဆိုတာ သူစီးတဲ့ နဂါးကြီးကြောင့် အစွဲပြုပြီး ခေါ်ပေမယ့် တကယ်က သူက လောကကိုစောင့်ရှောက်တဲ့ ဒဏ္ဍာရီလာသတ္တဝါအားလုံးရဲ့အရှင်တဲ့...ဒဏ္ဍာရီလာသတ္တဝါတွေဆိုတာ နဂါး၊ ဇာမဏီငှက်၊ သွေးဖြူဝံပုလွေ၊ နှစ်တစ်ထောင်မြွေကြီး၊ ချီလင်.... အဲ့ဒီလို သတ္တဝါတွေအားလုံးရဲ့ အရှင်သခင်တဲ့''

The True Conqueror [Complete]Where stories live. Discover now