ထိုလူက နဂါး၏ ကျောပြင်ကနေ ဆင်းလာသည်။ သူသည် တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏ ခါးမှာ ဓားတစ်လက်ချိတ်ဆွဲထားလေသည်။ ထိုဓား၏ ဓားရိုးမှာ ဝံပုလွေတစ်ကောင် မာန်ဖီးနေသည့် သဏ္႑ာန်ထွင်းလေသည်။ မှားစရာမရှိပါ ထိုဓားသည် လီချန်းယုံ၏ လက်ဆွဲတော်ဓားဖြစ်လေသည်။

ဘယ်လိုလုပ်သူ့ဓားက ထိုလူ၏ ရောက်နေပါသနည်း...ထိုလူ၏ မျက်နှာကို မော့ကြည့်လိုက်တော့ လီချန်းယုံထိတ်လန့်သွားလေသည်။ တစေၦဝိညာဉ်တစ်ကောင်လို အသက်မဲ့နေသည့် မျက်ဝန်းတို့ကို ရင်ဆိုင်လိုက်ရသောကြောင့် ဖြစ်သည်။ သူကရှည်လျားသော ဆံနွယ်တို့ကို ဖျားလျားချထားသည်။ တစေၦဝိညာဉ်တစ်ကောင်လို ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်ရုံမှာ အနက်ရောင်သပ်သပ်ဖြစ်ပြီး မည်သည့်အမှတ်အသားမျှမပါချေ....

ထိုကဲ့သို့အသွင်သဏ္႑ာန်နှင့်ပင် ထိုလူ၏ ချောမောခန့်ညားမှုက မှေးမှိန်မသွား။ ထိုလူ၏ မျက်နှာမှာ လီချန်းယုံနှင့်ရင်းနှီးနေသည်။

လင်းမို
လင်းမို၏ ယခုလက်ရှိလူငယ်တစ်ယောက်၏ မျက်နှာမဟုတ်ပေ။ ယခုထက်ပိုပြီးရင့်ကျက်နေသော လူလတ်ပိုင်းတစ်ယောက်၏ အသွင်မျိုးပင်...သို့ကြောင့်လည်း လီချန်းယုံမမှတ်မိခြင်းပင်...

"လင်းမို''
လီချန်းယုံခေါ်ကြည့်လိုက်သည်။ လင်းမိုက ကြားဟန်မတူ။ နဂါးကြီး၏ ကျောကို ပွတ်သပ်ပြီး တစ်စုံတစ်ခုကို အမိန့်ပေးနေဟန်တူသည်။ မကြာမီ နဂါးကြီးက ကောင်းကင်ပေါ်ပျံတက်သွားလေသည်၊

"လင်းမို''
"လင်းမို''
သူအကြိမ်ကြိမ်ခေါ်နေပေမယ့် လင်းမိုက လှည့်မကြည့်ပါ။ သူနှင့် ဆန့်ကျင်ရာအရပ်ကို ကျောခိုင်းပြီး ထွက်သွားလေသည်။

"ချန်းယုံ...ချန်းယုံ...ထတော့''
လင်းမိုက လီချန်းယုံကို နှိုးနေခြင်းဖြစ်သည်။ သူက မိုးလင်းပိုင်းအိပ်ပျော်သွားစဉ်မှာပင် လီချန်းယုံဆီက အိပ်မက်ယောင်သကဲ့သို့ တီးတိုးရေရွတ်သံများ ကြားလိုက်ရခြင်း ဖြစ်သည်။ လီချန်းယုံက သူ့နာမည်ကို ခေါ်နေခြင်းပင်.....ပူအိပ်၍ ဝတ်ရုံများကို ချွတ်ထားသော လီချန်းယုံ၏ ခန္တာကိုယ်တွင် ချွေးစေးများထွက်နေသည်။ လင်းမိုက စိတ်ပူပြီး နှိုးလိုက်ခြင်းဖြစ်သည်။

The True Conqueror [Complete]Where stories live. Discover now