လီချန်းယုံကတော့ လင်းမိုက သူ၏ အဖိုးတန်သွေးဖြူဝံပုလွေကို တောက်တိုမယ်ရခိုင်းနေသည်ကို တကယ်ပင်မကြိုက်လှပါ။

ရေနွေးရလာသောအခါ လင်းမိုက အဝတ်ဖြူစတစ်ထည်နှင့် လီချန်းယုံ၏ ဒဏ်ရာကို ဆေးကြောပေးလေသည်။ ၎င်းက စိတ်ရှည်လက်ရှည်နှင့် ဆေးထည့်ပြီးနောက် ပတ်တီးပါစီးပေးလေသည်။ လီချန်းယုံကတော့ လင်းမိုလုပ်သမျှကို အသာတကြည်ပဲ ငြိမ်နေလိုက်သည်။ အစက လုံးလုံးမကြိုက်သော်လည်း သည်လိုဂရုစိုက်မှုတွေက လီချန်းယုံနှင့် အသားကျလာခဲ့သည်။

"လင်းမို''

လင်းမိုက လီချန်းယုံကို ဖျတ်ခနဲ ကြည့်လိုက်သည်။ လီချန်းယုံ၏ မျက်နှာသည် အေးဆေးတည်ငြိမ်နေပြီး သူ၏ မျက်တောင်ရှည်ကြီးများက ထိုတည်ငြိမ်မှုကို ပံ့ပိုးနေသယောင်ရှိသည်။ယောကျ်ားပီသသော မေးရိုးနှင့်နှာတံတို့ရှိသော်လည်း နှုတ်ခမ်းလွှာကမူ နီထွေးထွေးဖြစ်နေသည်။ ထိုနှုတ်ခမ်းလွှာစိုက်ကြည့်မိတော့ လင်းမိုခမျာ သူ၏ လွတ်ထွက်မတတ်ဖြစ်သွားသော စိတ်ကူးတို့ကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရလေသည်။

"မင်းဘာလို့ မြောက်ပိုင်းကို မသိမ်းတော့တာလဲ''

လီချန်းယုံက လင်းမိုကိုကြည့်ကာ မေးလိုက်သည်။ တိုင်းပြည်၏ အိမ်ရှေ့စံပီသစွာပင် လီချန်းယုံက ကျိုးကြောင်းဆီလျော်သော မေးခွန်းကိုမေးလေသည်။

"ငါသိမ်းစရာမလိုတော့လို့''

လင်းမိုက ပတ်တီးကိုစည်းပြီး ဝတ်ရုံကိုအသာပြင်ဖုံးပေးကာ ပြောသည်။

"ဘာဖြစ်လို့လဲ''

"ငါပြောလည်း မင်းနားလည်မှာလား''

လင်းမို၏ လေသံမှာ အထက်ဆီးဆန်လွန်းသည်။

လီချန်းယုံ၏ နှုတ်ခမ်းက သိသာစွာမဲ့သွားသည်။

လင်းမိုက ထိုမဲ့သွားသော နှုတ်ခမ်းကို စိတ်ကူးထဲ၌ ကိုက်ခဲပြီး ပြန်​ဖြေသည်။

"ချန်းယုံ...ငါဆယ့်ခြောက်နိုင်ငံကို ဘာလို့သိမ်းချင်လဲသိလား''

"မင်းအာဏာရူးလို့နေမှာပေါ့''

လီချန်းယုံ၏ ဗြောင်ကျသော အဖြေကြောင့် လင်းမိုက နှာခေါင်းရှုံ့သွားလေသည်။

The True Conqueror [Complete]Where stories live. Discover now