HAI(6)

12K 1.5K 23
                                    

အဖြူရောင်ခေါင်းစွပ်အင်္ကျီနဲ့ဖွေးဖွေးလုံးနေတဲ့ကောင်လေးက နေအပူရှိန်ကြောင့် ပါးပြင်တွေနီစွေးနေသည်။ မော့ကြည့်နေတဲ့မျက်ဝန်းက အရည်လဲ့လဲ့တွေက စမ်းရေကြည်ပေါက်တွေလို အေးချမ်းလွန်းတာပဲဖြစ်၏။ ချန်းယောလ် ဘတ်ဟျွန်းလက်ကိုဆွဲပြီး အရိပ်ထဲပြေးလာလိုက်သည်။ တဒုတ်ဒုတ်ခုန်နေတဲ့လက်ကောက်ဝတ် သွေးကြောတို့က နွေးထွေးလွန်းတာကို ချန်းယောလ်နှလုံးသားထိခံစားနေရတာပဲဖြစ်သည်။

အရိပ်ထဲရောက်တာနဲ့ Make up Artist တွေပြေးလာပြီး ချန်းယောလ်နဖူးက ချွေးစတို့ကို သုတ်ပေးသည်။ ဘတ်ဟျွန်းကိုတော့ Manager Hyung က လုပ်ပေးသည်။ ချန်းယောလ်အကြည့်တွေက ဖြူဖြူလုံးလုံးကောင်ငယ်လေးဆီက မလွှဲနိုင်သေး။ နေအပူကြောင့် အရည်ပျော်ကျသွားတော့မလား စိတ်ပူနေရတဲ့ ချန်းယောလ်။ တကယ့်တကယ်တမ်း အရည်ပျော်ကျနေရတာက ချန်းယောလ်နှလုံးသားဖြစ်နေခဲ့မှန်းတွေးမိတော့ ပြုံးဖြစ်သွား၏။ လေးလေးနက်နက်အပြုံးတွေကို စူးစူးစိုက်စိုက်ပြန်ကြည့်လာတဲ့ ဒီကောင်လေးကြောင့် အချိန်တွေ တဒင်္ဂရပ်တန့်သွားသလိုပဲ။ ပထမဆုံးတွေ့ခဲ့တုန်းကလိုမျိုး...။

×××

ဖန်နဲ့ပြုလုပ်ထားတဲ့ပိရမစ်ပုံဆုတံဆိပ်နှစ်ခုကို စားပွဲပေါ်တင်ထားလိုက်ပြီးတော့ ချန်းယောလ်မျက်လုံးတွေမှေးမှိတ်လိုက်မိသည်။ ဘေးနားက Yixing Hyung က ပေါင်ကိုဖွဖွဆုပ်ကိုင်ပြီး ချန်းယောလ်အနားကပ်လို့ တိုးတိုးမေးသည်။

"ချန်းယောလ်အဆင်ပြေရဲ့လား"

ချန်းယောလ် ခေါင်းညိမ့်ပြလိုက်ပေမယ့် သိပ်တော့အဆင်ပြေမနေ။ ဟောခန်းမကျယ်နဲ့ ဟိန်းထနေတဲ့အသံတွေက မွန်းကြပ်မှုကိုပိတ်လှောင်ထားသလိုဖြစ်နေသည်။

"Hyung ကို ကင်မရာတွေချိန်ထားတယ်။ အဆင်မပြေပေမယ့် ခေါင်းမော့ထားပါလား Hyung"

ဆယ်ဟွန်းက တိုးတိုးကပ်ပြီးသတိပေးတော့ ချန်းယောလ် မျက်လုံးတွေကို အားယူဖွင့်လိုက်ရသည်။ ဘေးတစ်ဖက်တစ်ချက်မှာထိုင်နေတဲ့ Yixing Hyung နဲ့ ဆယ်ဟွန်းက ချန်းယောလ်ကို စိုးရိမ်တကြီးကြည့်နေကြတာဖြစ်သည်။ ဘက်ပေါင်းစုံကကင်မရာတွေက သူတို့ဝိုင်းဘက်ကိုပဲဦးတည်နေတာကြောင့် စိုးရိမ်ပေမယ့် မျက်နှာတွေကိုတော့ ထိန်းထားကြရသည်။ ဆုပေးပွဲတက်ခါနီးမှ ကောက်ကာငင်ကာ ထဖျားတဲ့ချန်းယောလ်ကြောင့် ဆယ်ဟွန်းပါပွဲတက်လာခဲ့သည်။ ဒီပွဲမှာ ချန်းယောလ်က ဆုသုံးဆုတိတိရသည်။ ငါးနှစ်ဆက်တိုက် သရုပ်ဆောင်အကောင်းဆုကို ဗိုလ်စွဲထားတဲ့ချန်းယောလ်က ကင်မရာတွေမရှိတဲ့နေရာကို ရှောင်ဖို့မတတ်နိုင်ခဲ့။

How about itWhere stories live. Discover now