သူဇာပုဝါကို အဆုံးထိလှန်တင်လိုက်ချိန်တွင် အနှီနှုတ်ခမ်းပိုင်ရှင်က သူ၏နှုတ်ခမ်းများကပဲ မကောင်းဆိုးဝါးဆန်နေခြင်း မဟုတ်ကြောင်း သူသိလိုက်ရသည်။ ထိုလူ၏ မျက်လုံးများက နက်မှောင်ပြီးစူးရဲနေသည်။ လီချန်ယုံ၏တစ်ကိုယ်လုံးကို ဖောက်ထွက်သွားမတတ်စိုက်ကြည့်နေသည်။ ပို၍ဆိုးသည် ထိုလူ၏နှုတ်ခမ်းက ပြုံးထေ့ထေ့နှင့် လှောင်ပြောင်နေသယောင်ယောင်ဖြစ်နေသည်။

ထိုလူက မည်မျှပင် မကောင်းဆိုးဝါးဆန်သော အငွေ့သက်တွေထုတ်လွှတ်နေနေ လီချန်းယုံ ငြင်းမရအောင် လက်ခံမိသော အချက်မှာ ထိုလူက နတ်ဘုရားတစ်ပါးလိုချောမောသည်။ သူ၏ဖြူဝင်းသော အသားအရည်နှင့် အနီရောင်သတို့သမီး ဝတ်စုံမှာ အလွန်လိုက်ဖက်နေသည်။ သို့သော် မိန်းကလေးများကဲ့သို့ နူးညံသိမ်မွေ့သည့်လိုက်ဖက်မှုမျိုးမဟုတ်။ သွေးဆာနေသောသားရဲနှင့် အနီရောင်၏ လိုက်ဖက်မှုမျိုးဖြစ်သည်။

လီချန်းယုံက ထိုလူ၏လည်ပင်းကို ဓားနှင့်ထောက်ပြီး အေးစက်စက်မေးလေသည်။

"မင်းဘယ်သူလဲ...''

ထိုလူ၏နှုတ်ခမ်းက အထက်ကို ပိုပြီး ကွေးညွှတ်သွားသည်။ သူပြုံးနေသည်။ သို့သော် သူ့အပြုံးက အဓိပ္ပါယ်ဖော်ဖို့ ခက်သည်။

""ငါကမင်းကို သိမ်းပိုက်မယ့်သူ''

ထိုလူ၏ အဓိပ္ပါယ်မရှိသော စကားကြောင့် လီချန်းယုံက ဓားကို ပိုပြီး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ သူ့၏မျက်လုံးကလည်း ဒေါသအရိပ်အယောင်များပေါ်လာသည်။

"ကိုယ်တော်ပြောချင်တာက မင်းတို့မြောက်ပိုင်းကို သိမ်းပိုက်မယ့်သူ''

ထိုလူ၏ လှောင်သံတစ်ဝက်နှင့်ပြန်​ဖြေသံကြောင့် လီချန်းယုံ၏ လက်မှာ ဒေါသဖြင့် တုန်ယင်လာသည်။ တော်ဝင်မျိုးနွယ်တွေလို ကိုယ့်ကိုယ်ကို ရည်ညွှန်းနေသောထိုလူကို လီချန်းယုံခန့်မှန်းမိပါသည်။

"လင်းမို???''

လင်းမိုက ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏မျက်နှာပေါ်က အပြုံးကြီးကတော့ ပျောက်ကွယ်မသွားပေ။

The True Conqueror [Complete]Tahanan ng mga kuwento. Tumuklas ngayon