The Final(Zawgyi)

7.1K 342 84
                                    

အဲ့နေ့ကတည်းက
မာနတွေလက်လက်ထနေတဲ့
မျက်ဝန်းတစ်စုံထဲ ကိုပြုတ်ကျခဲ့တာ။

------

ဒီနေ့ကသောကြာနေ့...

ခါတိုင်း ဂိုဒေါင်တွေသွားစစ်ရင်လိုက်နေကျတစ်ယောက်က လွန်ခဲ့တဲ့နှစ်ရက်ကတည်းကခွင့်ယူထားတယ်။

သူခပ်ကြိတ်ကြိတ်ပြုံးရင်း
ရွေးချယ်လိုက်မိတာက...

------

တစ်ကယ်တော့ မဟုတ်ရပါဘူးကွာ။ကိုကြားထားတာ ဒီဆိုင်ကနာမည်​​ကြီးပြီး ဟင်းတွေကလည်း သိပ်စားလို့ကောင်းတယ်ဆိုလို့ မင်းကိုစားစေချင်ရုံလေးပါ။ချိုချိုသာသာမပြောတတ်တဲ့ ကို့ကြောင့်မင်းရဲ့မာနထိခိုက်သွာစေဖို့ ကိုမရည်ရွယ်ခဲ့ပါဘူး။

------

အဲ့နေ့က ကို့မျက်ဝန်းတွေထဲငေးကြည့်ရင်း အကျယ်ကြီးအော်ရယ်ခဲ့တဲ့ မင်းကြောင့် ကိုရှက်ရမ်းရမ်းခဲ့တာကိုတော့ မင်းသိအောင် ကိုဝန်မခံချင်တော့ဘူး။

------

မမျှော်လင့်ထားတဲ့ ပြဿနာလေးဖြစ်ပြီးနောက်ပိုင်း ကို့အိမ်ကိုမင်းရောက်လာခဲ့တယ်။
အဲ့နေ့က ကိုတီးခတ်နေခဲ့တာ
John Legend ရဲ့ All of Me

------

မင်းသိလား ချာတိတ်..
အဲ့နှစ်ရဲ့မွေးနေ့မှာ ရခဲ့သမျှလက်ဆောင်တွေအားလုံးကို ထုံးစံအတိုင်း အကုန်လှူပစ်ခဲ့ပေမယ့် နှင်းဆီပန်းလေးကမ်းနေတဲ့ချာတိတ်အရုပ်ကလေးကို​တော့ ကိုအမြတ်တနိုးသိမ်းထားခဲ့တယ်ဆိုတာ။

------

တဖြည်းဖြည်းနဲ့ ကို့ဘက်ကိုယိုင်လဲစပြုလာတဲ့ မင်းရဲ့အပြုအမူတွေကြား ကိုစိုးရိမ်ရင်းနဲ့ပဲ ယစ်မူးခဲ့မိတယ်..ကောင်လေးရယ်။

အရည်လဲ့နေတတ်တဲ့မျက်ဝန်းလှလှတစ်စုံရယ်..
မနက်တိုင်းရောက်လာတတ်တဲ့ စာတိုလေးတွေရယ် မင်းနာမည်ရေးမထားပေမယ့် ကို print ထုတ်ပြီး အခုထိသိမ်းထားတုန်းပဲ။

------

မင်းကို ခဏခဏ အိမ်အလည်ခေါ်ချင်မိတယ်။မင်းရောက်လာတဲ့အချိန်တိုင်း ကို့အိမ်ကအိမ်နဲ့ပိုတူပြီး နှင်းဆီဝါတွေက ပိုမွှေးတယ်။

Plot Twist (COMPLETE)Where stories live. Discover now